မြိုင်မြို့နယ်တွင် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဩဂုတ် ၈
မြိုင်မြို့နယ်တွင် ၃၆ နှစ်မြောက် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဗကသများ အဖွဲ့ချုပ်က “မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” တိုက်ပွဲ ခေါင်း စဥ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။