ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၄ နေရာကို ထမင်းတစ်နပ်လှူဒါန်း
ရန်ကုန်၊ဩဂုတ် ၂၃
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၄နေရာမှ စစ်ရှောင်ပြည်သူများကို အညာ ပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
အလားတူ ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးသင့် အိမ်ထောင်စု ၃၂၅စုအတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ကြက်ဥ အလုံး ၁၈၀၀၊ ငါးသေတ္တာ ၃၂၅ဗူး နှင့် ခေါက်ဆွဲ ခြောက် ၃၂၅ ထုပ်ကို အလှူရှင်ကိုယ်စားသွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။