ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေ ညနေခင်းစျေးပွဲတော် ကျင်းပ
ရန်ကုန်၊ ဩဂုတ် ၂၅
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် Free Burma Action Committee-Northern California က ဦးဆောင်၍ “အိမ်အပြန်ခရီးတွေလှဖို့ ငါတို့အတူရုန်းကြစို့” ဆိုသည့်ခေါင်းစဉ်ဖြင့် ၁၈ ကြိမ်မြောက် မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေ ညနေခင်းစျေးပွဲတော်ကို သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေ ညနေခင်းစျေးပွဲတော်ကို ထောက်ပို့ပြည်သူများ၊ ကျောင်းသားလူငယ်များက ဝိုင်းဝန်းရောင်းချခြင်းဖြစ်ပြီး ရရှိသော ရောင်းရငွေ၊ အလှူငွေများကို မြေပြင်သို့ တိုက်ရိုက်လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရသည်။