မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ ၄၃၅-၄၃၆ တပ်ရင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၂၆
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ၄၃၅-၄၃၆ တပ်ရင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ၄၃၅-၄၃၆ တပ်ရင်းကို Operation Flame (OF) အဖွဲ့က အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု တစ်ချို့ရှိပြီး အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း၊ တော်လှန်ရေး ရဲဘော်များ အားလုံး ဘေးကင်းရာကို ရောက်ရှိနေပြီဖြစ်ကြောင်း Operation Flame (OF) အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Operation Flame (OF) အဖွဲ့က လုပ်ဆောင်ခဲ့ပြီး ဆက်လက်၍ ရန်ကုန်မြို့ပြ တော်လှန်ရေး မဟာမိတ် အားလုံးနှင့် အတူ လက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame (OF) အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆက်လက် ပြောဆိုသည်။