31 C
Yangon

လောင်းလုံးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီး

Must read

လောင်းလုံးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးထားကာ ကျေးရွာများမှ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လနှောင်းပိုင်းမှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်စစ်ကြောင်းက လောင်းလုံးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ရန် ဟုဆိုကာ စစ်ကြောင်းထိုးလာကြောင်း၊ ကျေးရွာများသို့ ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်ကြောင်း၊ လက်ရှိတွင် ဘူချိုးကျေးရွာ၊ စခန်းကြီး၊ စွန်တောင်ပေါ်၊ ဖွားဘုတ်ပြင်၊ ကျောက်ဆင်တို့မှ ပြည်သူ ၃၀ နီးပါးကို စစ်တပ်က ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသူများမှာ လမ်းတွင် စစ်ကြောင်းဖြင့် တွေ့၍ ဖမ်းဆီးခံရခြင်းနှင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်း ဝင်ရောက်စဉ် ထွက်မပြေးနိုင်၍ ဖမ်းဆီးခံရသူများဖြစ်ကြောင်း၊ အဖမ်းခံရသူများတွင် အမျိုးသားများ၊ ကလေးမိခင်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများပင် ပါဝင်ကြောင်း သိရှိရသည်။

“စစ်ကြောင်းက နေ့တိုင်းထိုးနေတာ။ စစ်ကြောင်းက ရွာတွေကို လှည့်လည်ပြီး စစ်ကြောင်းထိုးတယ်။ ကျေးရွာတွေထဲမှာ ပစ္စည်းတွေ လုယက်တယ်။ လမ်းမှာတွေ့တဲ့ ပြည်သူတွေ မပြေးနိုင်တဲ့ ပြည်သူတွေ အဖမ်းခံရတယ်။ လောလော ဆယ် တော့ ဖမ်းခံရတဲ့အထဲမှာ အမျိုးသမီးတွေ၊ ကလေးမိခင်တွေ ပါနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီတပ်က ဘူချိုင်းကျေးရွာ ဩဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာ လ ၁ ရက်နေ့တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုကြောင့် လောင်းလုံးမြို့နယ်အတွင်း ကျေးရွာ ၁၀ ခုကျော်ထက်မနည်းမှ ပြည်သူပေါင်း ၅၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်များက စစ်ကိုင်းအတွင်းရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article