28 C
Yangon

ရွှေဘိုမြို့ပေါ် ရပ်ကွက်များတွင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိ အမျိုးသားများကို လခ၊ ဆန်ရိက္ခာနှင့် သေနတ်ပေးမည်ဟုဆိုကာ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခိုင်း၊ ရပ်ကွက် ၁ ခုလျှင် လူ ၁၀ ဦး စုဆောင်းသဖြင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ အပါအဝင် အမျိုးသားများ ထွက်ပြေးတိမ်းရှောင်

Must read

ရွှေဘိုမြို့ပေါ် ရပ်ကွက်များတွင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိ အမျိုးသားများကို လခ၊ ဆန်ရိက္ခာနှင့် သေနတ်ပေးမည်ဟုဆိုကာ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခိုင်း၊ ရပ်ကွက် ၁ ခုလျှင် လူ ၁၀ ဦး စုဆောင်းသဖြင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ အပါအဝင် အမျိုးသားများ ထွက်ပြေးတိမ်းရှောင်

■ ရွှေတောင်မြို့တွင်လည်း စစ်သားစုဆောင်းရန် ပေါ်တာဆွဲနေပြီး အတင်း အဓမ္မ ငွေကြေးများကို စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက တောင်းခံ

ရန်ကုန်၊ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ရပ်ကွက်များတွင် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားများကို လခ၊ ဆန်ရိက္ခာနှင့် သေနတ်ပေးမည်ဟုဆိုကာ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခိုင်းနေကြောင်း မြို့ပေါ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းရန် စစ်ကောင်စီက လုပ်ဆောင်နေသော ရပ်ကွက်များမှာ ရွှေဘိုမြို့ပေါ်မှ ကုန်းဘောင်၊ မြတောင်၊ ထူထောင်ရေး၊ သရက်ခြံ၊ နွားလေးကုန်း၊ စိန်ဘုရားနှင့် စက်မှုဇုန်ရပ်ကွက်များဖြစ်ကြောင်း၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူ့လုံခြုံရေးအဖွဲ့များဟု တိုက်ရိုက် မပြောဘဲ ညကင်းစောင့်မည့် အဖွဲ့၊ ပြည်သူလူထု၏ လုံခြုံရေးကို စောင့်ကြပ်မည့်အဖွဲ့ဟု သုံးနှုန်းနေကြောင်း ၊ အဖွဲ့တစ်ခုလျှင် လူ ၁၀ ဦးပါဝင်ရမည်ဖြစ်ပြီး လခ၊ ဆန်၊ ရိက္ခာနှင့် လက်နက်ပါ ပေးမည်ဟု ပြောဆိုစည်းရုံးနေကြောင်း သိရှိရသည်။

” ရွှေဘိုမြို့ပေါ်မှာ ရပ်ကွက်လုံခြုံရေး မြို့လုံခြုံရေးလို့ဆိုပြီး ရပ်ကွက်တစ်ခုကို ကင်းအဖွဲ့ တစ်ဖွဲ့ ၁၀ ဦးနှုန်းနဲ့ ကင်းစောင့်ဖို့၊ မြို့ပတ်ကင်းလှည့်ကင်းများလိုက်ပါဖို့ စည်းရုံးတယ်။ အသက် ၆၅နှစ်အထိ အမျိုးသားတိုင်း ပါဝင်ရမယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့ မှာပါဝင်တဲ့ စကစခန့်အုပ်ကြီးတွေက ဦးဆောင် စည်းရုံးနေတာ။ ကိုယ့်ရပ်ကွက်ကိုယ့်မြို့လုံခြုဲရေးအတွက်သူတို့နဲ့(စကစ)ပူးပေါင်းရမယ်။ အဲ့ဒီအတွက်လခ ဆန်နဲ့သေနတ်ရမ။ ယ်သေနတ်ကိုင်ပြီးကိုယ့်ရပ်ကွက်ကိုယ်ကင်းစောင့်ရုံပဲလို့ အုပ်ကြီးတွေက လိုက်ပြောတာ။ အခု အမျိုးသားတွေ အတင်းအကျပ် စုဆောင်းနေလို့ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေနဲ့ ပြည်သူတချို့လည်း ထွက်ပြေတိမ်ရှောင်နေကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက အသက် ၆၅ နှစ်အထိ အမျိုးသားများကိုပါ ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် စုဆောင်းသဖြင့် သက်ကြီးပိုင်း အမျိုးသားများ မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်ကြရာ စီးပွားရေးလုပ်ငန်းများနှင့် ဆိုင်တချို့တွင် လုပ်သားများ မရှိတော့သည့် အခြေအနေ ရောက်ရှိလာနေကြောင်း၊ ဆိုင်ကယ်ကယ်ရီ မောင်းမည့်သူပင်မရှိတော့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်မင်းက လူငယ်များကို အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲသို့ ပို့ဆောင်ခြင်း၊ ငွေကြေးတတ်နိုင်သူများကို ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“မယားမာန်ကျေးရွာ (ရွှေနတ်တောင်ဘုရားခြေရင်း) နှင့် လယ်တီကုန်းရွာသစ် တွေမှာ လူငယ်တွေကို အုပ်ချုပ်ရေးမှူးနဲ့စစ်တက ပေါ်တာဆွဲတယ်။ ပြီးရင် တပ်ထဲပို့တယ်။ တပ်ထဲ မပို့စေချင်ရင် ငွေပေးရတယ်။ စစ်မှုထမ်းဖို့ လူငယ်တွေ မပေးရသေးတဲ့အိမ်တွေကို ငွေတောင်းတယ်။ စစ်မှုမထမ်းတဲ့အိမ်တွေကို အိမ်ထောင်စုစာရင်းတစ်ခုလျင် အသက် ၃၅နှစ် အောက် အမျိုးသားလူငယ် မိသားစုဝင်ရှိရင် ငွေ ၅၀၀၀၀ ကျပ်နှုန်း၊ အသက် ၃၅နှစ်အထက် အမျိုးသား မိသားစုဝင်ရှိုရင် ငွေ ၃၀၀၀၀ ကျပ်နှုန်း၊ လင်မရှိ၊ သားမရှိ မုဆိုးမအိမ်ဆိုရင် ၂၀၀၀၀ ကျပ် ကောက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လွန်ခဲ့သည့် ဩဂုတ်လမှစတင်ပြီး စစ်မှုထမ်း အပတ်စဉ် ၅ အတွက် လူမပြည့်သဖြင့် စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် စစ်သားစုဆောင်းမှုများ၊ ပေါ်တာဆွဲဖမ်းဆီးမှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းရန် စစ်သားအဖြစ် စုဆောင်းခံထားရသော လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article