26 C
Yangon

အကြမ်းဖက်စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ဖြစ်သော AA ၊ TNLA နှင့် MNDAA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာ

Must read

အကြမ်းဖက်စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ဖြစ်သော AA ၊ TNLA နှင့် MNDAA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၂

အကြမ်းဖက်စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ဖြစ်သော AA ၊ TNLA နှင့် MNDAA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာကြောင်း ယနေ့ည ထုတ်ပြန်သည်။

စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက AA ၊ TNLA နှင့် MNDAA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာကြောင်း ထုတ်ပြန်လာခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ကြေညာမှုတွင် AA ကို သီးခြား ကြေညာချက်တစ်စောင်၊ TNLA နှင့် MNDAA တို့ကို သီးခြား ကြေညာချက်တစ်စောင်ဖြင့် ကြေညာခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ ကြေညာချက်တွင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှု ကျူးလွန်သည်ဟုဆိုကာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

AA နှင့်ပတ်သက်၍မူ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း၊ ယင်းနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြန်လည် ကြေညာခြင်းဖြစ်သည်ဟု အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ နိုင်ငံတော်အာဏာကို လူထုတင်မြှောက်ထားသော အစိုးရထံမှ အကြမ်းဖက် နည်းလမ်းဖြင့် လုယူခဲ့သော အကြမ်းဖက်စစ်ကောင်စီကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ- မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ခေါင်းဆောင် ၃ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article