ညောင်ရွှေမြို့နယ်၊ လွယ်လုံရွာကို စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျ
ရန်ကုန်၊ စက်တင်ဘာ ၃
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လွယ်လုံရွာကို အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း PNLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စက်တင်ဘာလ ၂ ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊ လွယ်လုံရွာကို အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်တပ်နဲ့ စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်တွေ ရှို့သွားတာပါ။ လောလောဆယ် နေအိမ် ၁၀ အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားပါတယ်။ ဒီထက်မက ပျက်စီးမှု ပိုများလာနိုင်ပါတယ်။ လွယ်လုံအနီးက သူတို့ စခန်း အတိုက်ခံရတော့ ကြွက်မနိုင် ကျည်မီးရှို့ ဆိုသလို လက်နက်ကိုင်ချင်းတိုက်တာ မနိုင်တော့ နီးစပ်ရာရွာကို နှိပ်စက်နေတာပါ” ဟု PNLA မှ တာဝန်ရှိသူက ပြောဆိုသည်။
Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက် စီးနင်း မီးရှို့နေသော ကျေးရွာ ၁ ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)