27 C
Yangon

ချီဖွေမြို့နယ်၊ ပန်ဝါဒေသ လဂွေကျေးရွာအနီးရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၁ ခုကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်

Must read

ချီဖွေမြို့နယ်၊ ပန်ဝါဒေသ လဂွေကျေးရွာအနီးရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၁ ခုကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ စက်တင်ဘာ ၆

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ လဂွေကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၁ ခုကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်‌ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ပန်ဝါဒေသ၊ လဂွေကျေးရွာအနီး လဂွေ-ဖရဲ (Phare) လမ်းဆုံရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးမှု စာရင်းနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း စာရင်းကို အတည်ပြုနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

“ပန်ဝါဒေသ၊ လဂွေကျေးရွာအနီးမှာရှိတဲ့ လဂွေ-ဖရဲ (Phare) လမ်းဆုံက အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ နံနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြည်သူစစ် သေဆုံးမှု စာရင်းနဲ့ လက်နက် ခဲယမ်းရရှိမှု စာရင်းကိုတော့ အသေးစိတ် မသိရသေးဘူး” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article