28 C
Yangon

ချောင်းဦးမြို့နယ်ရှိ ပျူစောထီး စခန်းကို တိုက်ခိုက်မှု ခဲယမ်းများ သိမ်းဆည်းရရှိ၊ မြိုင်မြို့တွင် ဂိတ်စောင့်နေသည့် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး

Must read

ချောင်းဦးမြို့နယ်ရှိ ပျူစောထီး စခန်းကို တိုက်ခိုက်မှု ခဲယမ်းများ သိမ်းဆည်းရရှိ၊ မြိုင်မြို့တွင် ဂိတ်စောင့်နေသည့် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ ပျူစောထီစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၃၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းစခန်းရှိ နောက်ဆုံး လက်ကျန် တပ်စခန်းကို သိမ်းပိုက်ရန် ကျန်ရှိချိန်တွင် စစ်တပ်က လေကြောင်းဖြင့် ပစ်ကူပေးပြီး မုံရွာ-မန္တလေး ပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင် စစ်တပ် အထိုင်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ခြင်းကြောင့် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“၂၈ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်လောက်ကနေ ထိုးစစ်စတာပါ။ ဩဂုတ်လ ၃၀ ရက်နေ့အထိ ၃ ရက်ကြာခဲ့ပါတယ်။ ရန်သူ့နောက်ဆုံးစခန်းကိုတော့ မသိမ်းနိုင်ခဲ့ပါဘူး။ စွမ်းရည်ထက် ဆီဆိုင်မှာ တပ်စွဲထားတဲ့ စကစ တပ်ကနေ လက်နက်ကြီး ပစ်ကူတွေ တရစပ် ပစ်ပေးနေတာရယ်၊ လေ ကြောင်းကနေ ဆက်တိုက် ဗုံးကျဲနေတာတွေရယ်နဲ့ အခြားအနေတွေကြောင့် နောက်ဆုံစခန်းရခါနီး မှ ကျနော်တို့ ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်” ဟု မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ ၊ Nga Moe Yeik Column နှင့်မဟာမိတ်တပ်ပေါင်းစုတပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့ မီးသတ်ဂိတ်ရှိ အကြမ်းဖက် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၈ ရက် နံနက် ၁ နာရီ ၃၀ မိနစ်အချိန်က မြိုင်မြို့ အနောက်ဘက် ဈေးနှင့် ပန်းခြံအနီး မီးသတ်ဂိတ်စခန်းဂိတ် အကြမ်းဖက်စစ်သား၊ ရဲများကို မြိုင်ပကဖတပ်ဖွဲ့ဝင်များမှ စနိုက် ပါဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ မီးသတ်ဂိတ်စခန်း ဘန်ကာအတွင်းမှ သေနတ်လွယ်၍ ထွက်လာသော စစ်သား ၁ ဦးလဲကျသေဆုံးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article