32 C
Yangon

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း BRAVE HEART ARMY-BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထွက်ခွာလာသည့် စစ်ကား ၂၇ စီ’ပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ယာဉ်တန်းမှ ၁၁ စီးမြောက်ကားကို တော်လှန်ရေး တပ်ဖွဲ့များ လက်နက်ငယ်များဖြင့် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY-BHA နှင့် CHINDWIN FIGHTER GROUP.CFG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article