27 C
Yangon

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲနှင့် MFDMC ပြည်ပထောက်ပို့တပ်သားကဒ် ပေးအပ်ချီးမြင့်ပွဲကျင်းပ

Must read

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲနှင့် MFDMC ပြည်ပထောက်ပို့တပ်သားကဒ် ပေးအပ်ချီးမြင့်ပွဲကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၅

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) က ဦးဆောင်၍ “အိမ်ပြန်ရောက်ဖို့ နောက်ဆုံးလှိုင်းကို လူထုအားနဲ့ ၀ိုင်းတွန်းစို့ ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲနှင့် MFDMC ပြည်ပထောက်ပို့တပ်သားကဒ် ပေးအပ်ချီးမြင့်ပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပူးတွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲကို MFDMC ဥက္ကဋ္ဌ ဦးဇော်မိုးအောင် ၊အမျိုးသားညီညွတ်ရေးအစိုးရ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဦးရန်နိုင်ထွန်း၊ ပြည်သူ့ဘက်တော်သား CDM ဗိုလ်ကြီး လင်းထက်အောင် ၊ဆရာတော် အရှင်ထာ၀ရ (နော်ဝေ) နှင့် MFDMC ဗဟို​ကော်မတီ၀င်များ၊ စည်းရုံးရေး/ပြန်ကြားရေးတာ၀န်ခံများ၊ ထောက်ပို့ထီ တာ၀န်ခံများနှင့် ထောက်ပို့တပ်သား ၂၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြပြီး တော်လှန်ရေးအားပေးစကားများ ၊ ဂုဏ်ပြုအမှာစကားများ ၊စည်းရုံးရေးစကားများပြောကြားခဲ့ကြပြီး ထောက်ပို့တပ်သားကဒ်ပေးအပ်ချီးမြင့်ခြင်း ၊ရန်ပုံငွေအစားအသောက်များရောင်းချခြင်း ၊ တေးသီချင်းဂီတ ကဗျာများ/သံချပ်များဖြင့် ဖျော်ဖြေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article