24.8 C
Yangon

ပခုက္ကူတွင် စစ်မှုထမ်းရန် မဲပေါက်သူ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လေဖြတ်နေသော မိခင်ဖြစ်သူဒေါ်အေးကြည်ကို စစ်တပ်က ဓားစာခံဖမ်းဆီးပြီး ထွက်ပြေးသူကို စစ်မှုပြန်လာထမ်းရန် အကျပ်ကိုင်

Must read

ပခုက္ကူတွင် စစ်မှုထမ်းရန် မဲပေါက်သူ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လေဖြတ်နေသော မိခင်ဖြစ်သူဒေါ်အေးကြည်ကို စစ်တပ်က ဓားစာခံဖမ်းဆီးပြီး ထွက်ပြေးသူကို စစ်မှုပြန်လာထမ်းရန် အကျပ်ကိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်မှုထမ်းရန် မဲပေါက်ထားသော လူငယ်တစ်ဦး ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လေဖြတ်နေသော မိခင်ဖြစ်သူဒေါ်အေးကြည်ကို စစ်တပ်က ဓားစာခံဖမ်းဆီးပြီး ထွက်ပြေးသွားသော လူငယ်ကို စစ်မှုပြန်လာထမ်းရန် အကျပ်ကိုင်နေကြောင်း သိရှိရသည်။

ပခုက္ကူမြို့နယ်၊ အမှတ် ၃ ရပ်ကွက် ဂ ကွင်း၊ ၈ လမ်းတွင် နေထိုင်သော လူငယ်တစ်ဦးသည် စက်တင်ဘာလအတွင်း ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်း အပတ်စဉ် ၅ တက်ရောက်ရန် မဲပေါက်ထားသော်လည်း အမှန်တကယ်စစ်မှုထမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်က လာရောက် ခေါ် ယူချိန်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ထွက်ပြေး တိမ်းရှောင်သော လူငယ်၏ လေဖြတ်ထားသော မိခင် ဒေါ်အေးကြည်ကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က နေအိမ်မှ လာရောက် ခေါ်ဆောင် ဖမ်းဆီးခဲ့ပြီး လူငယ်ကို မိခင် ပြန်လည် လွတ် မြောက် လိုပါက လာရောက် စစ်မှုထမ်းရန် အကျပ်ကိုင်နေကြောင်း သိရှိရသည်။

“ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက် (ဂ) ကွင်း-၈လမ်းမှာနေတဲ့ ဒေါ်အေးကြည် လေဖြတ်ခံထားရသူကို စစ်တပ်က ဖမ်းထားပါတယ်။ သူ့ သားက စစ်မှုထမ်းစာရင်းပါတာကို တိမ်း ရှောင်သွားလို့ မမိ၊ မိရာလူဖမ်းထားတာပါ။ ဒေါ်အေးကြည်ယောက်ျားကိုလည်း လိုက်ဖမ်းတာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အဲဒါ လေဖြတ်တဲ့မိခင် ပြန်လွှတ်ပေးချင်ရင် သားဖြစ်သူကို စစ်မှုပြန်လာထမ်းခိုင်းပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပခုက္ကူမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ ၁ လမ်းတွင်လည်း စစ်မှုထမ်းရန် စာရင်းပါထားသူ ထွက်ပြေးတိမ်းရှောင်၍ မိသားစုတစ်စုလုံးကို စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးထားကြောင်း၊ ထိုသို့ မိသားစုများကို ဖမ်းဆီး၍ အကျပ်ကိုင်နေသူမှာ ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်ဌေးဖြစ်ပြီး စစ်တပ်အတွက် အဓိက အလုပ်လုပ်နေသူဖြစ်ကြောင်း သိရှိရသည်။

“စစ်မှုထမ်းသူတွေ ထွက်ပြေးရင် မိသားစုတွေကို လိုက်ဖမ်းဖို့ အဓိက ကူညီပေးတာက အမှတ် ၃ ရပ်ကွက် အုပ်ကြီးကျော်ဌေးပါ။ သူက အ ရမ်း ဆိုးနေတယ်။ သူက အဓိက ဦးဆောင် ဖမ်းဆီးတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

လတ်တလော စစ်တပ်က အောက်တိုဘာလတွင် စတင်မည့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ယခု စက်တင်ဘာလလယ်ပိုင်းမှစတင်ပြီး လူစုဆောင်းခြင်း၊ ပေါ် တာဆွဲခြင်း၊ မဲနှိုက်ခိုင်းခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ် ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article