27 C
Yangon

ရေဘေးသင့် ပြည်သူများကို ရေဘေးတုံ့ပြန်မှု အကူအညီများ စတင်ပေးအပ်မည်ဟု WFP ထုတ်ပြန်

Must read

ရေဘေးသင့် ပြည်သူများကို ရေဘေးတုံ့ပြန်မှု အကူအညီများ စတင်ပေးအပ်မည်ဟု WFP ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၈

မြန်မာနိုင်ငံအနှံ့ရှိ ရေဘေးသင့်ပြည်သူများကို ရေဘေးတုံ့ပြန်မှု အကူအညီများစတင်ပေးအပ်မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ဇူလိုင်လမှ စတင်၍ ရေဘေးတုံ့ပြန်ရေးအကူအညီများ ပေးနေသော်လည်း လုပ်ငန်းပမာဏ သိသာစွာ တိုးချဲ့၍ အကူအညီများကို ယခု သီတင်းပတ်တွင် စတင် ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရာဂီမုန်တိုင်းကြောင့် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးမှုများ၊ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုမျး ကြုံတွေ့ခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီရေဘေးရဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုက အင်မတန်ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုတွေ မဖြစ်ပွားမီ ဩဂုတ်လမှာကတည်းက မြန်မာနိုင်ငံမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့နေရတာပါ။ အခုလို တိုးပွားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ဝန်ထမ်းအဖွဲ့တွေဟာ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေကြပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောဆိုသည်။

အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ရေဘေးသင့်ပြည်သူ ၅ သိန်းခန့်အတွက် ဆန်၊ အားဖြည့်ဘီစကစ်များနှင့် အာဟာရ အထောက်အပံ့များ ပါဝင်သည့် တစ်လစာ စားနပ်ရိက္ခာများကို တိုက်ရိုက်ဖြန့်ဝေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာလက်လှမ်းမီရရှိရေးတို့အပေါ် ရေဘေး၏ အကျိုးသက်ရောက်မှုအခြေအနေများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကဲဖြတ်လေ့လာလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် WFP ၏ ထုန်ပြန်ချက်တွင်ဖော်ပြထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကမူ စက်တင်ဘာ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံတွင် သတင်းအချက်များ အတည်ပြုရန် ခက်ခဲသော်လည်း နိုင်ငံအဝန်းရေဘေးသင့်သူ ဦးရေ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့်ရှိပြီး ရာနှင့်ချီ၍ သေဆုံးကာ အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ် ၉ ခုအတွင်းရှိ မြို့နယ် ၅၉ ခု ထိခိုက်ခဲ့ကာ နေရာအများစုတွင် လက်ရှိအချိန်အထိ ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းခြင်းနှင့် အရေးပေါ်အကူအညီပေးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် ထိခိုက်မှုများကို စတင်သတင်းပေးပို့လျက်ရှိပြီး အခြေအနေပေးသည်နှင့်အမျှ တုံ့ပြန်ရေးလုပ်ငန်းများ စတင်နိုင်ရန် စီစဉ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Myanmar, Yangon, 14 September 2024 The United Nations World Food Programme (WFP) is launching an emergency response this week in Myanmar to provide food assistance to people in areas submerged by floods following the passage of Super Typhoon Yagi. This response is a major scale-up in WFP flood relief efforts ongoing since July. Bago, Kayah, Kayin, Magway, Mandalay, Mon, Nay Pyi Taw and Shan states have been facing heavy rains, severe flooding and landslides caused by the Super Typhoon that hit Myanmar on
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article