29 C
Yangon

ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ပြည်သူများပိတ်မိနေ၍ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ပြည်သူများပိတ်မိနေ၍ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာ တစ်ရွာလုံးရေနစ်မြုပ်သွားပြီး ပြည်သူများပိတ်မိနေ၍ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မုန်တိုင်းမိုးရွာပြီး စစ်တောင်းမြစ်ရေကြီးမှုကြောင့် ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက် ကမ်းရှိ အိမ်ခြေ ၁၅၀ ခန့်ရှိသော ခုံကြီးကျေးရွာတစ်ရွာလုံးရေနစ်မြှုပ်သွားပြီး နေအိမ်အောက်ထပ် များ နေထိုင်မရပဲ နေအိမ်အပေါ်ထပ်များတွင်သာ နေထိုင်ကြရကြောင်း ယခုအခါရေကျနေပြီဖြစ် သော်လည်း လုံးဝကျဆင်းခြင်းမျိုးမဟုတ်ပဲ တအိအိဖြင့်သာ ကျဆင်းနေသဖြင့် အရေးပေါ် သောက် သုံးရေသန့်နှင့် စားသောက်စရာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“အဓိကတော့ စားစရာလိုနေတာ၊ ရေကလည်း လုံးဝလျော့သွားတာမဟုတ်သေးဘူး။ နှစ်ထပ်အိမ် တွေကတော့ အောက်ထပ်တွေအကုန်မြှုပ်တယ်၊ တထပ်အိမ်တွေကျတော့ နှစ်ထပ်အိမ်တွေပေါ်မှာ သွားပြီးပေါင်းနေကြရတာ၊ ချက်ပြုတ်စားသောက်ရတာကျတော့လည်း ထင်းတွေက ရေထဲပါသွား တော့ အဆင်မပြေကြဘူး။ လှေရှိတဲ့သူတွေကတော့ နည်းနည်းအဆင်ပြေသေးတယ်၊ လှေမရှိတဲ့သူ တွေက ဘယ်လိုမှအဆင်မပြေဘူး။ တခြားအနီးအနားရွာတွေကတော့ စက်လှေတွေ၊ဘာတွေလာနဲ့ လာပြီး ကူညီကယ်ဆယ်တာတွေရှိတယ်၊ ညီမတို့ရွာကျတော့ စက်လှေလာလို့မရဘူးလို့ပြောပြီး မလာကြဘူး။ အခုချိန်အထိ ဘယ်သူတစ်ဦးတစ်ယောက်မှမလာတာ။ ဘေးနားက ရွာချင်းနည်းနည်း နီးတဲ့ရွာမှာတော့လာတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး တစ်ရွာလုံးက အစ္စလာမ်ဘာသာကို ကိုးကွယ်သည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် အိမ် ၁၅ အိမ်ခန့်သာရှိ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article