29 C
Yangon

မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှ စစ်သင်္ဘောများနှင့် ပစ္စည်းတင် သင်္ဘော ၂၁ စီး စုန်ဆင်းလာ၍ မြစ်ကြောင်း တစ်လျှောက် နေထိုင်သော ပြည်သူများ သတိပြုကြရန် တော်လှန်ရေး တပ်ဖွဲ့များ ပြောဆို

Must read

မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှ စစ်သင်္ဘောများနှင့် ပစ္စည်းတင် သင်္ဘော ၂၁ စီး စုန်ဆင်းလာ၍ မြစ်ကြောင်း တစ်လျှောက် နေထိုင်သော ပြည်သူများ သတိပြုကြရန် တော်လှန်ရေး တပ်ဖွဲ့များ ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှ စစ်သင်္ဘောများနှင့် ပစ္စည်းတင် သင်္ဘောများ စုန်ဆင်းလာ၍ မြစ်ကြောင်း တစ်လျှောက် နေထိုင်သော ပြည်သူများ သတိပြုကြရန် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်း အတိုင်း စစ်သင်္ဘောများနှင့် ပစ္စည်းတင် သင်္ဘော ၂၁ စီးသည် စစ်ကိုင်းတိုင်း အထက်ပိုင်းကို စုန်ဆင်းလာ၍ မြစ်ကြောင်း တစ်လျှောက်တွင် နေထိုင်သော ကျေးရွာများမှ ပြည်သူများ သတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ စစ်သင်္ဘော အုပ်စုသည် လက်ရှိချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ပြုလုပ်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် စစ်သင်္ဘောများကို ကာကွယ်ရန် Mi-35 ရဟတ်ယာဉ် ၁ စီးလည်း လိုက်ပါ ပျံဝဲနေကြောင်း သိရှိရသည်။

“ကျေးရွာတွေကို ပစ်ခတ်တာတော့ မလုပ်သေးဘူး။ ငြိမ်နေသေးတယ်။ မုံရွာအလုံ မင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်း အတိုင်း စုန်ဆင်းလာတာ စစ်ရေယာဉ် ၃ စီး၊ သစ်ဖလပ် ၅ စီး၊ မိုးကာအုပ်ဖလပ် ၆ စီး၊ ကားတင် ကရိမ်းတင် ၂ စီး၊ ကြေးနီတင် ၅ စီး စုစုပေါင်း ၂၁ စီးရှိတယ်။ Mi – 35 ကလည်း လုံခြုံရေးယူပြီး လိုက်ပါပျံဝဲနေတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article