27 C
Yangon

ကျိုက်ထိုမြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံး

Must read

ကျိုက်ထိုမြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်နှင့် အင်္ဂဘိုကြား၌ အကြမ်းဖက် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု- KRF က ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၈ မိနစ်ခန့်တွင် စစ်တောင်းတံတားအသစ်ဘက်မှ မော်လမြိုင်ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်ကား ၇ စီးပါ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ မုပ္ပလင်နှင့် အင်္ဂဘိုကျေးရွာ အကြား လမ်းခုလတ်တနေရာ၌ RPG ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အသင့်စောင့်ကြို ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ခြေသလုံးတွင် ဗုံးသီး အစ လွင့်စင်ရှပ်ထိ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA နှင့် သေမင်းတမာန် အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF မှ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက် ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article