28 C
Yangon

စလင်းမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

Must read

စလင်းမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ရန်ကုန် ၊ စက်တင်ဘာ ၂၂

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ စလင်းမြို့ပေါ်မှ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်း အင်အား ၃၀ ခန့်သည့် ငလင်ပန်းကျေးရွာရှိ ပြည်သူများ၏ စားနပ်ရိက္ခာကို ခိုးဝှက်ရန် စစ်ကြောင်း ထိုးလာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေ ဆုံး ပြီး ၂ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကာ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

“မနေ့က ဖြစ်တဲ့တိုက်ပွဲပါ။ တိုက်ပွဲဖြစ်ပြီးတော့ ချက်ချင်းပြန်ဆုတ်ပြေးသွားပါတယ်” ဟု မင်းဘူး ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article