မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု အမျိုး သမီး တစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၂၂
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုး သမီး ၁ ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါ အဝင် ပြည်သူ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ကာ ဗုံးသီး ၃ လုံးကျဲချပြီးပြီးနောက် စက် လက်ဖြင့်လှည့်ပတ်ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး စိုးရိမ် ရ ထိခိုက်ဒဏ်ရာရရှိပြီး နွား ၂၈ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှ မရှိဘူး။ လေယာဉ် ၂ စီးနဲ့လာကျဲတာ၊ ပထမ တစ်စီးက ဗုံးသီး ၃ လုံးကျဲတယ်၊ နောက် တစ်စီးက စက်လက်နဲ့ဆွဲတာ၊ ၄ ကြိမ်ပစ်သွားတယ်။ မနက် ၈ နာရီက တစ်ကြိမ်၊ ၁၁ နာရီက တစ် ကြိမ်၊ ၂ ကြိမ် ပစ်သွားတာ။ အမျိုးသမီးတစ်ဦး သေတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ယောက်ပါတယ်၊ ခြေပြတ်တစ်ယောက်ပြတ်တယ်။ ခါးရိုးထွက်သွားတာ တစ်ယောက် ပါတယ်၊ လူနာတွေက အရမ်းစိုးရိမ်ရတယ်။ အိမ်မွေးနွားနဲ့ တောင်သူ ခိုင်းနွား ၂၈ ကောာင်က သေ တယ်၊ နွားတန်ဖိုးဆိုရင် သိန်း ၃၅၀ ကျော် လောက်ရှိတယ်။” ဟု ဒေသသတင်း ရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အလားတူ ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အဆိုပါ ခြေဆေးကျေးရွာကို ထပ်မံဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနှင့် ဘုန်း ကြီး ကျောင်း၊ ဘုရား၊ စေတီ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ် ကြောင်း သိရ သည်။