27 C
Yangon

ဖားကန့် ၊ဆိုင်းတောင်ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများပစ် ခတ်မှု နေအိမ်များ မီးလောင်နေ

Must read

ဖားကန့် ၊ဆိုင်းတောင်ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများပစ် ခတ်မှု နေအိမ်များ မီးလောင်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်နှင့် မွန်းလွဲ ၁၂ နာရီ ၅၈ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၂ စီးက ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကို ဗုံးများ လာရောက်ကျဲချခဲ့ကြောင်း၊ ထို့ပြင် ဆိုင်းတောင်တွင် စစ်ကောင်စီတပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား ဆက်လက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်းတောင်ရှိ နေအိမ်များ မီးလောင်နေကြောင်း သိရှိရသည်။

“ဒီနေ့ ဂျက်တိုက်လေယာဉ်နဲ့ ဆိုင်းတောင် ဗုံးလာကျဲတယ်။ ဆိုင်းတောင်မှာ တစ်လုံးကျတယ်။ ယူမာမှာရှိတဲ့ ကျောက်စိမ်းရုံးနားမှာ ဗုံးတစ်လုံးကျတယ်။ ကျောက်စိမ်းရုံးမှာ ခွေးတွေ တပ်စွဲထားတယ်။ လက်နက်ကြီးတွေနဲ့ပစ်လို့ ဆိုင်းတောင်မှာလည်း နေအိမ်တွေ မီးတွေလောင်နေတယ်။ ဆိုင်းတောင်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖားကန့်မြို့ပေါ်တွင်လည်း ပြည်သူများအားလုံးမှာ တိမ်းရှောင်သွားပြီး မြို့ပေါ်တွင် လူသူ နည်းပါးနေကြောင်း၊ ဖားကန်မြို့ပေါ်မှ ပြည်သူများမှာ နီးစပ်ရာ မြို့ပြနှင့်ကျေးရွာများသို့ စစ်ဘေးရှောင်သွားကြခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များအကြား စစ်ဆိုင်ထားကြောင်း၊ ဖားကန့်တစ်မြို့လုံးကိုမူ KIA ၊ PDF တော်လှန်ရေးတပ်များက ပိတ်ဆို့ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ မွန်းလွဲပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသော ကြောင့် ဆိုင်းတောင်တွင် ပေါက်ကွဲမှုများဖြစ်ပွားနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article