27 C
Yangon

ရေဦးမြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူ ၅၀ နီးပါး ဖမ်းဆီးခံရ

Must read

ရေဦးမြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူ ၅၀ နီးပါး ဖမ်းဆီးခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူ ၅၀ နီးပါး ဖမ်းဆီးခံရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွင် ရေဦးမြို့ပေါ်ရှိရွှေပြည်သာရပ်ကွက်နှင့် ဗိုလ်အောင်ဇေယျရပ်ကွက် တို့မှ ပြည်သူ ၁၄ ဦးကျော် နှင့် ရေးဦးမြို့အနီးရှိ ရွာသစ်ရွာမှ ပြည်သူ ၅ ဦး ကျော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ဖြစ်သော ဟိန်းဆီဆိုင်ဂိတ်မှ စစ်ကောင်စီ တပ်သားများကလည်း လမ်းသွားလမ်းလာ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ၂ ရက်တာအတွင်း ဖမ်းဆီးခံရသူ ၅၀ နီးပါးရှိပြီး ရေဦးမြို့ အမက ကျောင်းနှင့် တိုင်းရင်းဆေးရုံအတွင်း၌ သင်တန်းပေးနေကြောင်း သိရှိရသည်။

“ရွှေပြည်သာရပ်ကွက် ၃ ဦး၊ ဗိုလ်အောင်ဇေယျရပ်ကွက် ၁၁ ဦး၊ ရွာသစ်ရွာက ၅ ဦးပဲ အတည်ပြုနိုင်သေးတယ်။ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ခွေးဂိတ်တွေဘက်ကနေ စောင့်ကြို ဖမ်းတာတွေလည်း ရှိတယ်။ ဖမ်းထားတဲ့ ပြည်သူတွေကို ရေဦး အမက ကျောင်းထဲနဲ့ တိုင်းရင်းဆေးရုံအတွင်းမှာ သင်တန်းပေးနေတယ်။ ကျန်တော်တို့ ကြားသိရသလောက် လူဦးရေ ၅၀ ကျော်မယ်လို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေဦးမြို့ထဲကို စျေးရောင်း စျေးဝယ်လာသည့် ပြည်သူများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများကအစ စစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်သင်တန်းတက်ရောက်ရန် ကောက်ယူမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ရေဦးမြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က ယခု ရက်ပိုင်းအတွင်း အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဘက်မှ Mi-17 ရဟတ်ယာဉ်ဖြင့် စစ်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၅ တက်ရောက်ရန် အတင်းအကျပ် စုဆောင်းခံရသည့် လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article