25 C
Yangon

ကလောမြို့တောင်ဘက်ရှိ တောင်ကိုးလုံး ပြိုကျ၍ ကျေးရွာ ၄ ရွာမှ ပြည်သူများ ပိတ်မိနေ၊ လမ်းပိုင်းများ ပျက်စီးသွား၍ ကယ်ဆယ်ရေး အဖွဲ့များ သွားလာရန် ခက်ခဲနေ

Must read

ကလောမြို့တောင်ဘက်ရှိ တောင်ကိုးလုံး ပြိုကျ၍ ကျေးရွာ ၄ ရွာမှ ပြည်သူများ ပိတ်မိနေ၊ လမ်းပိုင်းများ ပျက်စီးသွား၍ ကယ်ဆယ်ရေး အဖွဲ့များ သွားလာရန် ခက်ခဲနေ

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်၊ ကလောမြို့တောင်ဘက်ရှိ တောင်ကိုးလုံး ပြိုကျ၍ ကျေးရွာ ၄ ရွာမှ ပြည်သူများ ပိတ်မိနေပြီး လမ်းပိုင်းများ ပျက်စီးသွား၍ ကယ်ဆယ်ရေး အဖွဲ့များ သွားလာရန် ခက်ခဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကလောမြို့ တောင်ဘက် အရှည် ၃ မိုင်ခန့်ရှိသော တောင်ကိုးလုံးသည် သဘာဝဘေးဒဏ်ကြောင့် အနောက်ဘက်တောင် တစ်ခြမ်းလုံး ပြိုကျသွားပြီး မြင်းဒိုက်ကျေးရွာအုပ်စုရှိ အင်းခေါင်းကျေးရွာ၊ ရေအေးချောင်းကျေးရွာ၊ စလယ်အင်းကျေးရွာနှင့် တောင်ပွားကျေးရွာများမှ ပြည်သူများ ပိတ်မိနေကြောင်း သိရသည်။

အဆိုပါ ကျေးရွာများကို သွားရောက်နိုင်သော လမ်းပိုင်းသည် မြေများပိသွားပြီး သွားလာရန် အခက်အခဲဖြစ်ကြောင်း၊ ယင်း လမ်းပိုင်းကို ပြန်လည် ပြုပြင်ရန် စက်ယန္တယားများ အသုံးပြုမှ သာလျှင် ပိတ်ဆို့နေသော မြေကျောက်များကို ဖယ်ရှားနိုင်မည်ဖြစ်ကြောင်းသိရသည်။

“သောက်ရေသန့် စားနပ်ရိက္ခာနဲ့ စက်ယန္တာယားအတွက် ဆီဖိုးတွေ အရေးပေါ်လိုအပ်နေပါတယ်။ မြေကျောက်တွေကို ဖယ်နိုင်မှ လမ်းကပြန် ပွင့်မှာပါ။ ပြည်သူတွေနဲ့ ချိတ်ဆက်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေသ ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article