28 C
Yangon

ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၅

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၂၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် တပ်သားများ တပ်စွဲထားသော စခန်း ဗျူဟာကုန်း ကို ရော့ကတ် ၆ လုံး၊ ကျောင်းထဲကို ရော့ကတ် ၄ လုံးနှင့် ပျူစောထီးများ ကင်းစောင့်နေသော နေရာကို ရော့ကတ် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“ဇီးပြားရဲစခန်းကို Rocket ၂၄ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စခန်း ဗျူဟာကုန်းကို ၆ လုံး စစ်ခွေးတွေနေတဲ့ကျောင်းထဲကို ၄ လုံးနဲ့ ပျူခွေးတွေနေတဲ့ ကင်းရှိရာကို ၃ လုံးကျရောက်ပေါက်ကွဲခဲ့တယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု များစွာရှိတယ်။ အရေအတွက်ကို စုံစမ်းနေတယ်” ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့နှင့် မိုးမိတ် တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article