34 C
Yangon

ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ပြန်ပို့ပြီး စစ်ကောင်စီကလည်း ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၈၅ ဦးကို ပြန်လွှတ်ပေး

Must read

ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ပြန်ပို့ပြီး စစ်ကောင်စီကလည်း ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၈၅ ဦးကို ပြန်လွှတ်ပေး

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်တွင် AA ၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ယနေ့ ပြန်ပို့လိုက်ပြီး စစ်ကောင်စီကလည်း ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၈၅ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများအရ သိရှိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အမျိုးမျိုးသော ပြစ်ဒဏ်ကျခံနေရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း ၈၅ ဦးသည် ယနေ့ တနင်္ဂနွေနေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း၊

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသည့် မြန်မာ နယ်ခြားစောင့်တပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်သို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်၊ Cox’s Bazar ဒုတိယကော်မရှင်နာ Mohammad Salahuddin မှ “မြန်မာ့အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ဦးဟာ ပြစ်ဒဏ်တွေ ကျခံပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ထဲ ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၅ ဦးနဲ့ စစ်သား ၈ ဦး စုစုပေါင်း ၁၂၃ ဦးကိုလည်း မြန်မာနိုင်ငံဘက်ကို ပြန်ပို့မှာဖြစ်ပါတယ်” ဟု အတည်ပြုသည်။

နှစ်နိုင်ငံအကြား လူပြန်ပို့ကြသည့်အစီအစဉ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက စီမံခန့်ခွဲနှစ်ဖက် လူမှုရေးအရ ညှိနှိုင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ရှေ့တွင်လည်း ယင်းသို့ လဲလှယ်မှု အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ်၊ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရခိုင်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ကိုလည်းကောင်း၊ ဧပြီလ ၂၅ ရက်နေ့တွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ ဦးကိုလည်းကောင်း၊ ဇွန်လ ၈ ရက်နေ့တွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကိုလည်း ကောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article