32 C
Yangon

တောင်ငူခရိုင်၊ ဒေါ်ဖခိုမြို့နယ်တွင် မြေပြိုမှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံး

Must read

တောင်ငူခရိုင်၊ ဒေါ်ဖခိုမြို့နယ်တွင် မြေပြိုမှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၉

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဒေါ်ဖခိုမြို့နယ်တွင် မြေပြိုမှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေါ်ဖခိုမြို့နယ်၊ မိုင်းလွန် ကျေးရွာအုပ်စုရှိ လေလော်ဒေး ကျေးရွာတွင် မြေပြိုမှုကြောင့် မိသားစုဝင် ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၄ ဦးမှာ အသက် ၂၆နှစ်အရွယ် စောမော်လေ့ ၏ မိသားစုဝင်များ ဖြစ်သော ဇနီးသည်၊ သား နှင့် သမီး စုစုပေါင်း ၄ ဦး နစ်မြှုပ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

တောင်ငူခရိုင်ရှိ မြို့နယ် ၂ ခု အတွင်း ရေကြီးရေလျှံမှု နှင့် မြေပြိုမှုများကြောင့် သဘာဝဘေး အန္တရာယ်များနှင့် ဆက်တိုက် ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article