29 C
Yangon

ပုလဲမြို့နယ်၊ အင်မထီး ပျူစောထီးကျေးရွာမှ ကန်ဒေါင့်ရဲစခန်းကို ရိက္ခာပို့ရန် လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ပုလဲမြို့နယ်၊ အင်မထီး ပျူစောထီးကျေးရွာမှ ကန်ဒေါင့်ရဲစခန်းကို ရိက္ခာပို့ရန် လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူရွာမှ ကန်ဒေါင့်နယ်မြေရဲစခန်းကို ရိက္ခာပို့ရန်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ABSDF Column – 3 ကပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက် ညနေ ၂ နာရီ ၅၁ မိနစ်တွင် ပုလဲမြို့နယ်၊ အင်မထီးရွာပျူစောထီး စခန်းမှ ကန်ထောင့်ရဲစခန်းသို့ လက်နက်ခဲယမ်းများ ပို့ဆောင်၍ ပြန်လည်ထွက်ခွာလာသည့် အင်အား ၆၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြားဖြတ် တိုက်ခိုက်မှုကို မိမိတို့ ABSDF အမှတ် ၃ စစ်ကြောင်း အမှတ် ၁၄ တပ်ရင်း ၊ NUG-MOD ဗျူဟာစစ်ကြောင်း ၊ ပုံတောင်တိုက်ဂါး PDF နှင့် Eagle 1 PDF တို့မှ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြမ်းဖက် စစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့က အင်မထီးကျေးရွာ ပျူစော ထီးစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ပေါ်မှ လေထီးဖြင့် ချပေးသည့် ရိက္ခာ၊ ခဲ ယမ်းများကို ကန်ဒေါင့်နယ်မြေရဲစခန်းသို့ လာရောက်ပို့ပေးခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article