27 C
Yangon

ကန့်ဘလူမြို့နယ်၊ ပင်းတဲရွာနှင့် မကျီးကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ကန့်ဘလူမြို့နယ်၊ ပင်းတဲရွာနှင့် မကျီးကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင်းတဲရွာနှင့် မကျီးကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခွဲနှင့် ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ပင့်သာတိုက်နယ်အတွင်းရှိ ပင်းတဲကျေးရွာ နှင့် မကျီးကုန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင် နေအိမ် ၄ လုံး ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပင့်သာတိုက်နယ်ရှိ ပင်းတဲရွာကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော Jet Fighter ၁ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချကာ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူပိုင်နေအိမ် ၄ လုံး ပျက်ဆီးဆုံးရှုံးခဲ့ပြီး ကျေးရွာရှိ ပြည်သူများလည်း ရွာအတွင်း မနေရဲတော့ဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ထို့အတူ မကျီးကုန်းရွာ ဘုန်းကြီးကျောင်းကိုလည်း မိတ္ထီလာလေတပ်မှ တက်လာသည့် Y12 ထောက်ပို့ယာဉ် ၁ စီးဖြင့် အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် သဖြင့် ဘုန်းကြီးကျောင်းဆောင်တစ်ဆောင် ပျက်ဆီးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူးလို့ သိရတယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေတော့ ပျက်ဆီးသွားတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article