26 C
Yangon

မင်းတပ်မြို့ ကားလမ်းမကြီးတလျှောက်ရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး မီးငြိမ်းရန်လာသည့် ပြည်သူများကို လိုက်ခံ ပစ်ခတ်နေ

Must read

မင်းတပ်မြို့ ကားလမ်းမကြီးတလျှောက်ရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး မီးငြိမ်းရန်လာသည့် ပြည်သူများကို လိုက်ခံ ပစ်ခတ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲရှိ မင်းတပ် -မတူပီ ကားလမ်းမကြီးတလျှောက် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး မီးငြိမ်းရန်လာသည့် ပြည်သူများကို လိုက်ခံ ပစ်ခတ်နေကြောင်း ဒေတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တပ်ရင်းထဲမှ ဓာတ်ဆီများ သယ်ယူလာပြီး မင်းတပ် -မတူပီ ကားလမ်းမကြီးတလျှောက်ရှိ ပြည်သူပိုင်နေအိမ်များကို တစ်အိမ်တက်ချင်း မီးလိုက်ရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မီးသတ်ရန် ကြိုးစားသည့် မြို့နေပြည်သူများကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းကြောင့် မီးငြိမ်းသတ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေဆဲဖြစ်ပြီး နေအိမ် ၄၀ ခန့် ယခု ညနေပိုင်းတွင် မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံ Hkl- Mindat က လူမူကွန်ယက်တွင် ရေးသားဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မီး ၆ ကြိမ်ရှို့ခဲ့ကြောင်း ဒေသတွင်း သတင်းမှတ်တမ်းများအရသိရပြီး ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၃၆ လုံးမီးလောင်ပြာကျခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ထားသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီသည် မင်းတပ်မြို့ကို မီးရှို့ဖျက်ဆီးခြင်းအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလနှင့် သြဂုတ်လအတွင်း အကြမ်းဖက် စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၄၄ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိကာ စာသင် ကျောင်း ၂ ကျောင်း၊ ဘော်ဒါဆောင် ၄ ဆောင်၊ပြည်သူ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း CDF-Mindat က စက်တင်ဘာလ ၂၉ ရက်နေ့ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Hkl Mindat

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article