28 C
Yangon

မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများ အရက်ထိုင်သောက်နေသည့် ဘန်ကာကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများ အရက်ထိုင်သောက်နေသည့် ဘန်ကာကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများ အရက်ထိုင်သောက်နေသည့် ဘန်ကာကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း TRUE Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သား ၅ ဦး ဘန်ကာထဲ၌ အရပ်ထိုင်သောက်နေစဉ် မြို့ပြ တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများနှင့် ဘဏ်ရုံး၌ တပ်စွဲထားသော စစ်သားများက မြို့ပြ ပြောက်ကျားရဲဘော်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အထက ၁ ကျောင်းဝန်းအတွင်း ဘန်ကာထဲမှာ အရက်ထိုင်သောက်နေတဲ့ စစ်ခွေး ၅ ကောင်ကို နာနတ်သီး ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ သူတို့ရှိတဲ့နေရာကို ဗုံးသီး ကျရောက်ပေါက်ကွဲပြီး စစ်ခွေး ၂ ကောင် သေတယ်။ ၁ ကောင်က ပြင်းထန်ဒဏ်ရာရတယ်” ဟု TRUE Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို TRUE Fighterမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article