27.4 C
Yangon

မောင်တောတွင် စစ်ကောင်စီလက်အောက်ခံ ARSA တပ်ဖွဲ့က အရပ်သားကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

Must read

မောင်တောတွင် စစ်ကောင်စီလက်အောက်ခံ ARSA တပ်ဖွဲ့က အရပ်သားကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၇

ရခိုင်ပြည်၊ မောင်တောမြို့တွင် စစ်ကောင်စီလက်အောက်ခံ ARSA တပ်ဖွဲ့က အရပ်သားကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် မောင်တောမြို့၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ကားမောင်းသူ နှင့် အရပ်သား ၆ ဦးပါ ကားတစ်စီးကို စစ်ကောင်စီလက်အောက်ခံ ARSA တပ်ဖွဲ့က လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ARSA တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ မောင်တောမြို၊ အောင်မင်္ဂလာကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးဖြစ်ပြီး ဝဲဖက်နားထင်အား ကျည်ထိမှန်၍ သေဆုံးခဲ့ရကြောင်း၊ အခြား ပြည်သူ ၄ ဦးမှာလည်း လက်နက်ငယ်ဒဏ်ရာများရရှိခဲ့ကြပြီး ၎င်းတို့အနက်မှ ဝမ်းဗိုက်တွင် ပြင်းထန် ဒဏ်ရာ ရရှိသူ ၁ ဦး နှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ ၁ ဦးရှိကြောင်း ၊ AA က ဆေးကုသပေးနေကြောင်း သိရှိရသည်။

မောင်တောမြို့တွင် စစ်ကောင်စီတပ်များ၊ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များနှင့် AA တပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article