34 C
Yangon

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် MOU မြန်မာအလုပ်သမားဦးရေ စာရင်းကောက်ယူနေပြီး ပြည်ပရောက်မြန်မာများကို အခွန်ဆောင်ခိုင်းရန်နှင့် စစ်မှု ထမ်းခိုင်းရန် စစ်ကောင်စီက စီမံချက်ချ လုပ်ဆောင်နေ

Must read

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် MOU မြန်မာအလုပ်သမားဦးရေ စာရင်းကောက်ယူနေပြီး ပြည်ပရောက်မြန်မာများကို အခွန်ဆောင်ခိုင်းရန်နှင့် စစ်မှု ထမ်းခိုင်းရန် စစ်ကောင်စီက စီမံချက်ချ လုပ်ဆောင်နေ

ရန်ကုန်၊ အောက်တိုဘာ ၇

အကြမ်းဖက် စစ်ကောင်စီက ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် MOU မြန်မာအလုပ်သမားဦးရေ စာရင်းကောက်ယူနေပြီး ထိုင်းအစိုးရနှင့် ဆွေးနွေးရန် ပြင် ဆင်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရှိရသည်။

စစ်ကောင်စီက ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွှတ်ထားသော မြန်မာအလုပ်သမား အရေအတွက်ကို ၎င်းတို့ထံပေးပို့ရန် လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီများထံသို့ ညွှန်ကြားချက် ထုတ်ပြန်လာကြောင်း၊ စစ်ကောင်စီနှင့် ထိုင်းအစိုးရတို့အကြား MOU အလုပ်သမားအရေး ဆွေးနွေးရန် ရှိနေကြောင်း၊ ထို့ကြောင့် အလုပ်သမားအရေအတွက်ကို အမြန်သိရှိလိုသဖြင့် လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့အထိ ထိုင်းတွင်ရှိနေမည့် MOU အလုပ်သမားအရေအတွက်ကို ပေးပို့ရန် စစ်ကောင်စီက ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ထိုင်းဘက်မှာ MOU အလုပ်သမား ဘယ်လောက်ရှိနေလဲ စာရင်းကောက်ခိုင်းတာက အလားအလာတော့ မကောင်းဘူး။ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ဘာတွေ တင်းကျပ်ပြီး ဘာတွေ ဒုက္ခပေးဦးမယ်မသိဘူး။ ထိုင်းနဲ့ စစ်ကောင်စီကလည်း အစည်းအဝေးလုပ်မှာဆိုတော့။ အခွန်ဆောင်ဖို့ တင်းကျပ်မယ်ထင်တယ် ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လတ်တလော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားကို အခွန်ကောက်ယူမည့်ကိစ္စများ ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လာနေပြီး အခြားတစ်ဖက်တွင်လည်း စစ်မှုထမ်းရန် အကျုံးဝင်နေသည့် အသက် အရွယ် အတွင်းရှိနေသော ပြည်ပရောက် မြန်မာများနှင့်အလုပ်သမားများ အမိမြေပြန်လာပြီး စစ်မှုထမ်းဆောင်ရန် အစီအမံများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article