28 C
Yangon

လောင်းလုံးမြို့နယ်တွင် ပကဖ အဖွဲ့က ဖမ်းဆီးထားသည့် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို မြို့နယ် ပအဖ ထံ သက်သေခံ ပစ္စည်းများနှင့်အတူ လွှဲပြောင်း အပ်နှံလိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်မည်

Must read

လောင်းလုံးမြို့နယ်တွင် ပကဖ အဖွဲ့က ဖမ်းဆီးထားသည့် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို မြို့နယ် ပအဖ ထံ သက်သေခံ ပစ္စည်းများနှင့်အတူ လွှဲပြောင်း အပ်နှံလိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်မည်

ရန်ကုန်၊ အောက်တိုဘာ ၈

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပကဖ အဖွဲ့က ဖမ်းဆီးထားသည့် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို မြို့နယ် ပအဖ ထံ သက်သေခံ ပစ္စည်းများအတူ လွှဲပြောင်း အပ်နှံလိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်မည်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ သက်ဆိုးရှည်ဖို့ မတရား ပြုလုပ်နေသော တရားမဝင် ရွေးကောက်ပွဲအတွက် သန်းခေါင် စာရင်းကောက်ယူရာ၌ ပါဝင် ပက်သက်နေသည့် လောင်းလုံးမြို့နယ်တွင် နေထိုင်သည့် ထွေအုပ်စာရေး ၁ ဦး နှင့် Non-CDM ဆရာမ ၈ ဦး စုစုပေါင်း ၉ ဦးကို အောက်တိုဘာလ ၆ ရက်နေ့၌ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ လမ်းပိုင်းနှင့် နေအိမ်များတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ၉ ဦးကို ဖမ်းဆီးရာတွင် ထားဝယ်မြို့ပေါ်သို့ သန်းခေါင်စာရင်းကောက်ယူရန် သွားသည့်လမ်းပိုင်း၊ အပြန်လမ်းပိုင်းနှင့် နေအိမ်များတွင် အသီးသီး ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သက်သေ အထောက်အထားများနှင့်တကွ ပူးတွဲ ဖမ်းဆီးထိန်းသိမ်းထားသည့် ပစ္စည်းများ Video မှတ်တမ်းများ ၊ ဓါတ်ပုံမှတ်တမ်းများနှင့်အတူ လုပ်ထုံးလုပ်နည်း အတိုင်းအဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ၂၄ နာရီအတွင်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) ထံသို့ လူနှင့်သက်သေခံ ပစ္စည်းများကို ပူးတွဲအပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့ကို ဥပဒေအရ အရေးယူဖို့ ဆက်လက် လုပ်ဆောင်လိ့မ်မယ်။ အရေးယူမှာပါ။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အရေးယူမှာဆိုတော့ ပအဖ ကို လွှဲပေးလိုက်တာပါ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူ ပေးနေသူများနှင့် လောင်းလုံးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူပေးရမည့် ပါဝင်ပက်သက် သူများကို စာရင်းအတိအကျရရှိထားပြီး ဆက်လက်၍ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေမည်ဆိုပါက ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article