29 C
Yangon

ဂန့်ဂေါမြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ထွေအုပ်ရုံးနှင့် လဝကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ဂန့်ဂေါမြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ထွေအုပ်ရုံးနှင့် လဝကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မြို့တွင် သန်းခေါင်စာရင်း ကောက်ယူနေသော အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် လဝကရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ – Hyper UAV Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဂန့်ဂေါမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် တရားမဝင် အာဏာသိမ်း အကြမ်းဖက် စစ်တပ် သက်ဆိုးရှည်စေရေး သန်းခေါင်စာရင်းလိုက်လံ ကောက်ယူနေသော လဝက ရုံးတို့ကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ (HYPER UAV FORCE) မှ ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“နောက်ဆက်တွဲသတင်းကတော့ စုံစမ်းနေတုန်းပဲ အတိအကျ စုံစမ်းလို့ မရဘူးဖြစ်နေတယ်။ ဂန့်ဂေါ မြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်နေတာ ရက်ပိုင်းလောက်ရှိပြီ။ သူတို့ကတော့ ရွေးကောက်ပွဲကို သူတို့ ထိန်းချုပ်နယ်မြေထဲ ရသလောက်လုပ်မယ်ထင်တယ်၊ ကျနော်တို့ကတော့ ဒီတရားမဝင်ရွေး‌ ကောက်ပွဲကို ရသလောက်အင်အားနဲ့ တားဆီးသွားမှာဖြစ်ပါတယ်” ဟု ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ – Hyper UAV Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဂန့်ဂေါမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ခလရ ၅၀ တပ်ရင်း အတွင်းမှ အများပြည်သူများနေထိုင်ရာ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article