29 C
Yangon

မြောက်ဥက္ကလာပတွင် သန်းခေါင်စာရင်းကောက်နေသော ဋ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်

Must read

မြောက်ဥက္ကလာပတွင် သန်းခေါင်စာရင်းကောက်နေသော ဋ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံမှုကို ကူညီနေသည့် ဋ ရပ်ကွက် ရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၃၈ မိနစ်ဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင် စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို ကူညီပေးနေသည့် မြောက်ဥကလာပမြို့နယ် ဋ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဖောက်ခွဲပြီးတော့ စခမီးတန်းကားတွေနဲ့ ပိတ်ဆို့စစ်ဆေးတာရှိတယ်။ မီးတန်းကားတွေနဲ့တိုးလို့ ရဲဘော်တွေ အခြားနေရာကနေပြန်ဆုတ်ခဲ့ရတာ။ အဲဒီရပ်ကွက်ရုံးက သန်းခေါင်စာရင်းကောက် နေတာကို ပြည်သူတွေက တိုင်တန်းလို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ ၊ သန်းခေါင်စာရင်း ကောက် နေတာ မရပ်မချင်း ဆက်လက်တိုက်ခိုက်နေဦးမှာပါ” မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သစ်သတင်းဌာနထံသို့ ဆက်လက်ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ချိန်တွင် ရပ်ကွက်ရုံးအတွင်းရှိ အကြမ်းဖက်စစ်သားများ၊ ရဲများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ဆယ်အိမ်မှူး ၊ ရာအိမ်မှူးများ ရှိနေသောကြောင့် ထိခိုက်မှု ပြင်းထန်ကြောင်း မြောက်ဥက္က လာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

“မနေ့ည ၈ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲသံအကျယ်ကြီးကြားရတာ ဟုတ်တယ်။ ဘယ်မှာပေါက်တာလဲတော့မသိဘူး။ ဗုံးပေါက်တာတော့ မှန်တယ်” ဟု မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းအနီးနေ ထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို YUPA Yangon People Army နှင့် မြောက်ဥကလာပ ပြည်သူကာကွယ်ရေး (ပကဖ) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားရဲဘော် များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article