32 C
Yangon

ဘုတလင်တွင် စစ်တပ်က ခြေလျင်တပ်များဖြင့် စစ်ကြောင်းထိုးပြီး လေယာဉ်များဖြင့်ပါ ဗုံးကျဲပစ်ခတ်နေ၊ ကျေးရွာများမှ ပြည်သူများကို လည်း စစ်တပ်က ကျား၊မ မရွေး ရိုက်နှက် ဖမ်းဆီး

Must read

ဘုတလင်တွင် စစ်တပ်က ခြေလျင်တပ်များဖြင့် စစ်ကြောင်းထိုးပြီး လေယာဉ်များဖြင့်ပါ ဗုံးကျဲပစ်ခတ်နေ၊ ကျေးရွာများမှ ပြည်သူများကို လည်း စစ်တပ်က ကျား၊မ မရွေး ရိုက်နှက် ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ငပယင်း၊ စီပါနဲ့ ကျွဲသေချောင်းကျေးရွာ အနီးပတ်ဝန်းကျင်နေရာများကို စစ်ကောင် စီတပ်က ယနေ့ အောက်တို ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၀န်းကျင်မှစပြီး Mi-35ရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်၊ ငပယင်း၊စီပါနဲ့ ကျွဲသေချောင်းကျေးရွာပတ်၀န်းကျင်ကို ဒီနေ့ နံနက်ပိုင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ပြုလုပ်ထားခဲ့ပြီး ထိခိုက်၊ပျက်စီးမှုနဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့ နေရာတွေက စက်တင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို တော်လှန် ရေးပူးပေါင်းတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့ နေရာပတ်၀န်းကျင်တွေဖြစ်တယ်လို့ ဘုတလင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် မြေပြင်မှာလည်း စစ်တပ်က ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေပြီး မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်ကြောင်းက ဘုတလင်မြို့ အရှေ့မြောက်ဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေပါတယ်။

မနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ စစ်တပ်က ဘုတလင်မြို့ အရှေ့မြောက်ဘက်ကျေးရွာတွေဆီကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ဒေသပြည်သူတွေကို ကျား၊မ မရွေး ရိုက်နှက်ပြီး ဓားစာခံဖမ်းဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဘုတလင်မြို့ပေါ်သို့ အောက်တိုဘာလ ၉ ရက်ညပိုင်း မုံရွာ နမခတိုင်းစစ်ဌာနချုပ်က ရောက်လာတဲ့ အင်အား ၈၀ ၀န်းကျင်ပါ စစ်ကောင်စီတပ်က ဘုတလင်မြို့ရဲ့အရှေ့မြောက်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုး၀င်ရောက်ပြီး တွေ့သမျှကို ရိုက်နှက်ဖမ်းဆီးနေတာလို့သိရပါတယ်။

“မြောက်ကျီရွာက အဖမ်းခံရတာများတယ်၊တွေ့သမျှ ယောက်ျားရော မိန်းမရောအကုန် ဖမ်းတာ၊ရိုက်နှက်ပြီး စစ်ဆေးတာတွေတောင်ရှိတယ်၊ကြက်တွေ၊၀က်တွေ ပစ်ပြီး ချက်စားပြီးမှ ဘုတလင်ပြန်၀င် သွားတာ”လို့ ဘုတလင်ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဘုတလင်မြို့ရဲ့ အရှေ့မြောက်ဘက်ကျေးရွာတွေကို စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် ဖမ်းဆီးခံရတဲ့ အရေအတွက်များတယ်ဆိုတာသာသိရပြီး အတိအကျကိုတော့ လတ်တလော အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့်ဘုတလင် အရှေ့မြောက်ခြမ်းရွာတွေဖြစ်တဲ့ သပြေပင်၊ရှမ်းတဲ၊ပဲပြစ်တော၊လွှဲတဲ၊ထန်းတန်း၊မြောက်ကျီ စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ဖမ်းဆီးခံရတဲ့ အရေအတွက်တော့မသိရသေးဘူး ၊မြောက်ကျီကတော့ များတယ်၊ရှမ်းတဲလည်း ပါတယ်၊အကုန်ရိုက်နှက်ဖမ်းသွားတယ်” လို့ ဘုတလင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င် တစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူတွေ သောင်းနဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ညတွင်းချင်း ထွက်ပြေးနေရသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article