29 C
Yangon

လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် စစ်တပ်က မွေးမြူထားသော ကမာရွတ်တွင် တစ်ရက်တည်း အိမ်စီးကား ၁၀ စီး မှန်ခွဲ ဖောက်ထွင်းအခိုးခံရ၊ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးများ ပေါင်း၍ ပြည်သူများကို ဖမ်ဆီး ငွေညှစ်မှုများပါ လုပ်နေ

Must read

လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် စစ်တပ်က မွေးမြူထားသော ကမာရွတ်တွင် တစ်ရက်တည်း အိမ်စီးကား ၁၀ စီး မှန်ခွဲ ဖောက်ထွင်းအခိုးခံရ၊ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးများ ပေါင်း၍ ပြည်သူများကို ဖမ်ဆီး ငွေညှစ်မှုများပါ လုပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် မွေးမြူထားပြီးနောက် တစ်ရက်တည်း ကား ၁၀ စီး ဖောက်ထွင်းအခိုးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ယံအချိန် အကြမ်းဖက် စစ်တပ်၏ ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန် စစ်တပ်က လက်သက်မွေးထားသော သူခိုးများက ပြည်သူပိုင် ကား ၁၀ စီးကို သော့ဖွင့်၊ မှန်ရိုက်ခွဲ၍ ကားအတွင်းမှ ငွေကြေး အပါအဝင် ပစ္စည်းများ ခိုးယူမှုများဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် တိုက်ကြားများကို တွယ်တက်၍ ဖောက်ထွင်းခံရသော တိုက်ခန်းများလည်း အများအပြား ရှိလာကြောင်း သိရသည်။

“ညမထွက်ရ အမိန့်ရှိရဲ့သားနဲ့ ကမာရွတ်မြို့နယ်မှာ စစ်ခွေးတွေ မွေးထားသော ပျူစောထီး သူခိုးတွေ သောင်းကျန်းနေတယ်။ အောက်တိုဘာ ၁၂ ရက်နေ့ တစ်ရက်တည်း ကား ၁၀ စီး မှန်ရိုက်ခွဲပြီး အခိုးခံရတယ်။ တိုက်ခန်းပေါ်တွေကို တိုက်ကြားကတက်ပြီး အခိုးခံရတာတွေလည်းရှိတယ်။ ပျူစောထီးတွေက သူတို့ပဲ ကင်းလှည့်။ သူတို့ပဲ ခိုးနေကြတာ။ ညမထွက်ရ အမိန့်ထုတ်ထားတဲ့အချိန် ဘယ်သူမှ အပြင်မထွက်ဘူး။ ပျူစောထီးသူခိုင်းနဲ့ စစ်တပ်ပဲ ညဘက် လမ်းပေါ်ရှိတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကမာရွတ်မြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် ကင်းလှည့်လေ့ရှိသည့် အကြမ်းဖက် စစ်သားများကလည်း ပြည်သူများကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ မြို့နယ်ရဲစခန်းတွင် ပြည်သူတစ်ဦးကို ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ တောင်းခံ၍ ပြန်ရွေးခိုင်းကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ ဟန်ရေးပြ လုံခြုံရေးအရ စစ်ဆေးတယ် ဆိုပြီး လမ်းသွား လမ်းလာ ပြည်သူတွေကို စစ်လား ဆေးလား မေးလား မြန်းလားလုပ်တယ်။ ပြီးရင် ဖုန်းထဲမှာ ဘာတွေ့လို့ ညာတွေ့လို့ ဆိုပြီးဖမ်းတယ်။ လမ်းဘေး အရက်၊ ဘီယာသောက်လို့ ဖမ်းတယ်။ ရဲသတင်းပေး ဒလန်တွေ လမ်းဘေး အရက်သောက်ရင် ကင်းလွတ်ခွင့်ပေးတယ်။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ ပြည်သူ ၁ ဦးကို သိန်းချီ‌ ငွေတောင်းတယ်။ စခန်းခေါ်ပြီး ခံဝန်ရေးခိုင်းပြီး ခံဝန်နဲ့ လွှတ်တယ်ဆိုပြီး ၁၀ သိန်းကနေ ၁၅ သိန်းတောင်းတယ်။ ကြားက ပွဲစားလုပ်ပြီး ညှိပေးတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး လုပ်နေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးများအဖြစ် အသွင်ပြောင်း မွေးမြူပြီးနောက် ကမာရွတ်မြို့ နယ်တစ်ဝန်းလုံးတွင် ခိုးမှု၊ ဖောက်ထွင်းမှုနှင့် လုယက်မှု အပါအဝင် ရာဇဝတ်မှုများ အလွန်များပြားလာနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အထူးသဖြင့် ကမာရွတ်မြို့နယ်တွင် က စစ်တပ်က သတင်းပေးနှင့် ပျူစောထီးများအဖြစ် မွေးမြူထားသော သူခိုး၊ လူမိုက်နှင့်ထောင်ထွက်များမှာလည်း အုပ်စုဖွဲ့၍ ရာဇဝတ်မှုများ ကျူး လွန်နေကြောင်း၊ အထူးသဖြင့် ကမာရွတ်တစ်မြို့နယ်လုံးတွင် ခိုးမှုနှင့် ဖောက် ထွင်းမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article