29 C
Yangon

လားရှိုးမြို့အနီး အီနိုင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု အမျိုးသား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

Must read

လားရှိုးမြို့အနီး အီနိုင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု အမျိုးသား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် လားရှိုးမြို့အနီး အီနိုင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု အမျိုး သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်အချိန် အကြမ်း ဖက်စစ်ကောင်စီက လားရှိုးမြို့အနီးရှိ အီနိုင်းရွာလေးပေါ်သို့ ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် စုစုပေါင်းဗုံး ၇ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ပြည်သူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးကြီး ၁ ဦးနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လူနေအိမ် ၅ လုံးကျော် ပျက်စီးခဲ့သည့်အပြင် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း၊ ဘုရားကျောင်းဝင်းအတွင်းရှိ ခန်းမ ၁ ခု၊ လက်ရှိဖွင့်လှစ်နေဆဲဖြစ်သည့် မူကြိုကျောင်း ၁ ကျောင်းပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ယနေ့အချိန်အထိ လားရှိုးမြို့နှင့်အနီးတဝိုက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နေရာများသည် စစ်ရေးနှင့်လုံးဝသက်ဆိုင်ခြင်းမရှိဘဲ စစ်ရေးပစ်မှတ် မဟုတ်သည့် လူနေအိမ်၊ စာသင်ကျောင်း၊ဈေးနှင့် ဘာသာရေးအဆောက်အဦးများဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အလွန်များပြားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article