29 C
Yangon

ပွင့်ဖြူမြို့ အဝင်တွင် ပြည်သူများထံမှ မတရား ငွေညှစ် တောင်းရမ်းနေသော ယာဉ်ထိန်းရဲများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးသေဆုံးနိုင်

Must read

ပွင့်ဖြူမြို့ အဝင်တွင် ပြည်သူများထံမှ မတရား ငွေညှစ် တောင်းရမ်းနေသော ယာဉ်ထိန်းရဲများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးသေဆုံးနိုင်

ရန်ကုန်၊ အောက်တိုဘာ ၁၄

မကွေးတိုင်း၊ ပွင့်ဖြူမြို့ အဝင်တွင် ပြည်သူများထံမှ မတရား ငွေညှစ် တောင်းရမ်းနေသော ယာဉ်ထိန်းရဲများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ယာဉ်ထန်းရဲ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးသေဆုံးနိုင်ကြောင်း မင်းဘူးခရိုင် အမှတ်-၄တပ်ရင်း (ပွင့်ဖြူမြို့နယ်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပွင့်ဖြူမြို့ အဝင်ဆိုင်းဘုတ်အနီးတွင် ဆိုင်ကယ်နှင့် ကားများကို အဓိက ဖမ်းဆီးပြီး မတရား ငွေညစ် တောင်းခံနေသော ယာဉ်ထိန်းရဲများကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ယာဉ်ထိန်းရဲမေ သဲသဲမွန် (ခ) ဖက်တီးမ သည် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေပြည်တော်သို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရပြီး သေဆုံးနိုင်ခြေများပြားကြောင်း၊ ထို့ပြင် ကျန် ယာဉ်ထိန်းရဲ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဘဲဥမက နေပြည်တော်ထိ သွားကုနေရတယ်။ အခြေအနေစိုးရိမ်ရတယ်။ ကျန် ယာဉ်ထိန်းရဲ ၂ ကောင်ကတော့ ထိခိုက်ဒဏ်ရာ မစိုးရိမ်ရဘူး။ ဘဲဥမ သဲသဲက မြို့နယ်ထဲမှာ အတော်လေး မကောင်းသတင်းထွက်နေတော့ သူ့ကို ထိတဲ့သတင်းကို ပြည်သူတွေကျေနပ်နေကြတယ်။ ဘဲဥမ သဲသဲက ဆိုင်ကယ်စီးလာတဲ့ သူတွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့ငွေတောင်းကြမ်းတဲ့ သူပါ” ဟု မင်းဘူးခရိုင် အမှတ်-၄တပ်ရင်း (ပွင့်ဖြူမြို့နယ်) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကားများကို စစ်ဆေးနေသည့်ယာဉ်ထိန်းရဲနှင့် အကြမ်းဖက်စစ်အုပ်စု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article