ယင်းမာပင်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်
ရန်ကုန်၊ အောက်တိုဘာ ၁၄
ယင်းမာပင်တွင် လူငယ့်အားမာန်သပိတ်စစ်ကြောင်းနှင့်အတူ ယင်းမာပင်အနောက်ခြမ်းပြည်သူများနှင့်ပူးပေါင်းကာ “our ambassador myanmar’s voice” ဘန်နာကို ကိုင်ဆာင်ကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းမာပင်ခရိုင် တပ်ရင်း-၁ ရဲဘော်တစ်ဦးက လူထုအားတော်လှန်ရေးနှင်ပတ်သက်သည့် သိမှတ်စရာများကို ဟောပြောခဲ့ကြောင်း သိရှိရသည်။