Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
– ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်မှာ အကြမ်းဖက် စစ်ကောင်စီက ကျင်းပနေတဲ့ သီတင်းကျွတ် စျေးရောင်းပွဲအတွင်း လူမရှိလို့ဆိုပြီး တစ်ရပ်ကွက်ကို လူ ၅ ဦးနှုန်း မဖြစ်မနေ လာရောက်ဖို့ စစ်တပ်က စေခိုင်းနေပြန်တဲ့အပြင် ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ အားလုံးကိုလည်း မိသားစုလိုက် လာကြဖို့ အမိန့်ပေးထားပြန်တယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– အကြမ်းဖက် စစ်ကောင်စီက ရှေ့တန်းရောက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်တွေကို အမောခံနိုင်တယ်၊ အိပ်ရေးပျက်ခံနိုင်တယ်ဆိုပြီး စစ်အရာရှိတွေက မူးယစ်ဆေးဝါးတွေ ကျွေးပြီ သုံးစွဲခိုင်းတာတွေ ရှိနေသလို ၊ နောက်တန်းက ပေးပို့တဲ့ တပ်ရိက္ခာတွေမှာပါ မူးယစ်ဆေးဝါးထုတ်တွေ တစ်ပါတည်း ပါလာတယ်လို့ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ်သားသစ်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း ၊ထီးချိုင့်မြို့နယ်၊ မြတောင်ရွာ နဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ PDF ရဲဘော်တွေကို ယင်းမာပင် ခရိုင်အတွင်းမှာရှိတဲ့ ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။