31 C
Yangon

လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချပြန်

Must read

လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချပြန်

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၃၇ မိနစ်အချိန် လောက်ကိုင်မြို့သို့ စစ်ကောင်စီ၏ တိုက်လေယာဉ်က လာရောက် ဗုံးကျဲချသွားခြင်းဖြစ်ကြောင်း၊ လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် ဩဂုတ်လကတည်းက လောက်ကိုင်မြို့ကို ဗုံးကျဲမှုများ ရပ်နားခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဗုံးလာကျဲခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“လားရှိုးရပြီးကတည်းက လောက်ကိုင်ကို ဗုံးမကျဲတော့တာ။ ဒီမနက်တော့ မနက် ၁ နာရီခွဲကျော်ကျော်လေးမှာ ဗုံးလာကျဲတယ်။ ဗုံးအကြီး ၁ လုံးမကွဲဘူး။ တစ်လုံးတော့ ကွဲတယ်။ ဆီအောဘက်သွားတဲ့လေ့ကျင့်ရေးကွင်းဘက်မှာ ဗုံးချသွားတာ။ လေယာဉ်က နိမ့်နိမ့်လေး ပျံပြီး ဗုံးကျဲသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်း နောင်ချိုမြို့နယ်ကို ဗုံးကျဲချခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လောက်ကိုင်မြို့နယ်ကို ဇူလိုင်လအတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article