33 C
Yangon

ပခုက္ကူ၊ ကိုင်းရွာမှ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့သော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်

Must read

ပခုက္ကူ၊ ကိုင်းရွာမှ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့သော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းရွာမှ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းကို ရော့ကတ်လက်နက်ကြီးများဖြင့် တိုက် ခိုက်ခဲ့ကြောင်း Cobra One တပ်ဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အောက်တိုဘာလ ၁၇ ရက်နေ့က ပခုက္ကူမြို့နယ်၊ ကိုးပင်ရွာမှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ကိုင်ရွာအတွင်းသို့ ဝင်ရောက်ပြီး ကိုယ်ဝန်သည်အမျိုးသမီး တစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦးတို့ကို ရက်ရက်စက်က် သတ်ဖြတ်ကာ အင်ပင် ကျေးရွာရှိ အကြမ်းဖက်စစ်တပ် စခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာလ ၁၇ ရက်နေ့ ည ၉ နာရီအချိန်ခန့် အင်ပင်ကျေးရွာအတွင်းမှ ထပ်မံ ထွက်ခွာ လာသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရော့ကတ်လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အင်ပင်ကျေးရွာအတွင်းသို့ ပြန်ဆုတ်သွား ကြောင်း သိရသည်။

“ထွက်လာတာက ကိုပင်ဘက်ကနေလာတာ၊ ကိုင်းရွာက အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးကို ရက် ရက်စက်စက်သတ်ဖြတ်သွားတယ်။ အမျိုးသမီးတစ်ဦးက ကိုယ်ဝန်ဆောင်သည်ပါ။ ပြီးတော့ အင်ပင် ရွာအထိုင်တပ်စခန်းကို ဝင်သွားတာ၊ အင်အားဖြည့်ထားတဲ့သဘောပဲ။ ကျနော်တို့တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုကတော့ရှိတယ်။ အတိအကျတော့ မသိရသေးဘူး။ ကျနော်တို့ Cobra One တပ်ဖွဲ့ က ရော့ကတ်လက်နက်ကြီးတွေကို အဆင့်မြှင့်တင်ပြီး ထုတ်လုပ်နေတာရှိပါတယ်။ မိဘပြည်သူတွေ အနေနဲ့ တတ်နိုင်သမျှ ငွေကြေးကူညီလှူဒါန်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Cobra One တပ်ဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Cobra One ၊ BaNyein တပ်ဖွဲ့ ၊ The Red Revolters နှင့် Young Force – UG တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article