25 C
Yangon

နောင်ချိုမြို့ကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးပျက်စီး

Must read

နောင်ချိုမြို့ကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် နောင်ချိုမြို့ ပါဟတ် ရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး တစ်လုံးနှင့် ပေါင် ၃၀၀ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

c

အလားတူ ယနေ့ နံနက် အစောပိုင်းကလည်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် သားအဖ ၃ ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သီပေါမြို့ကို တအာင်း တပ်မတော်က အောက်တိုဘာ ၁၂ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြိုများအား PSLF/TNLA က သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ရပ်တန့်နေသော်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းမှတစ်ဆင့် နေ့စဥ်လာရောက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article