25 C
Yangon

ချောင်းဦးမြို့နယ်နှင့် ရေစကြိုမြို့နယ်တွင် မိုင်းရှင်းနေသော စစ်သားများနှင့် ရိက္ခာပို့ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ချောင်းဦးမြို့နယ်နှင့် ရေစကြိုမြို့နယ်တွင် မိုင်းရှင်းနေသော စစ်သားများနှင့် ရိက္ခာပို့ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှင်းနေသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force -South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Daung Karyan က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် နတ်ရေကန် စစ်တပ်ဂိတ်မှ ရေပိုးစားဘက်ကို ထွက်လာသည့် စစ်သား ၃၀ ခန့်သည် တော်လှန်ရေး တပ်ဖွဲ့များ လမ်းပိုင်း တစ်လျှောက် ထောင်ထားသည့် မိုင်းများကို ရှင်းလင်းနေစဉ် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း မိုင်းရှင်းလင်းနေသည့် စစ်သား ၄ ဦး ထိမှန်ခဲ့ပြီး စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ပြင်းထန် ဒဏ်ရာရရှိသူ ၁ ဦးလည်း ထပ်မံသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကျန် ၂ ဦးလည်း ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“အဲမိုင်းတွေက တကယ်က ကားတန်းဆွဲဖို့ထားထားတာ မိုင်းရှာထွက်လာတာနဲ့ မိုင်းတွေအကုန် စစ်ခွေးတွေက တွေ့သွားတာတော့ မတတ်နိုင်တဲ့အဆုံး ခွဲပစ်လိုက်ရတာ စစ်ခွေး ၁ ကောင်ကတော့ ပွဲချင်းပြီးပဲ သေတယ်။ နောက် ၁ ကောင်က ပြင်းထန် ဒဏ်ရာနဲ့ ထပ်သေတယ်။ ပွဲချင်းပြီး သေသွားတဲ့ စစ်ခွေးကို ၁ ကောင်ကို နတ်ရေကန်ဂိတ်မှာပဲ မြေမြှုပ်လိုက်တယ်လို့ သိရတယ်” ဟု People’s Defence Force -South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Daung Karyan က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာသွားသော အကြမ်းဖက်စစ်သားများသည် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် တရစပ် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force -South Monywa၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Pentagram ၊ Venom Revolution Force ၊ Shining Star.Local Defense Force ၊ Myinmu Local Defence Force နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၇ တပ်ရင်းမှ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲ စခန်းကို ရိက္ခာပို့သွားသည့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်း အထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ရေစကြို ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြော ကြားသည်။

အောက်တိုဘာလ ၁၈ ရက် နံနက် အစောပိုင်းက ရေစကြို့မြို့ ခလရ ၂၅၇ တပ်ရင်းအတွင်း၌ လူစု၍ အင်အား ၇၀ ခန့်ဖြင့် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းသို့ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို နံနက် ၆ နာရီအချိန် ရေစကြိုမြို့နယ်၊ သာစည်ရေစင်ရုံးအနီး အရောက် အသင့်ထောင်ထားသော မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိပြီး ထမ်းစင်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“ခလရ ၂၅၇ ထဲမှာ လူစုပြီးမနက်အစောပိုင်းထွက်လာတာ၊ ကျနော်တို့က သာစည်ရေစင်ရုံးအနီးမှာ မိုင်းဆွဲလိုက်တာ၊ မိုင်းဆွဲလိုက် လင်းကတောကို ချက်ချင်းမသွားတော့ပဲနဲ့ ဇီးတောကို ညဝင်အိပ် တယ်၊ ဇီးတော့ကို ညဝင်အိပ်ပြီးတော့ ၂ နာရီ လောက်မှ ဇီးတောကနေ ဆက်ထွက်သွားတာ၊ လင်း ကတောကိုတော့ မနေ့က ညနေ ၅ နာရီလောက်မှ ရောက်သွားတယ်။ ဒဏ်ရာရတဲ့ စခ ၂ ဦးကိုတော့ ခလရ ၂၅၇ တပ်ထဲကို ထမ်းစင်နဲ့သယ်သွားတယ်” ဟု ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article