27 C
Yangon

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားသော ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးလိုက်ပြီး ဘိန်းစိုက်နေရာများကို ဆက်လက်ဖျက်ဆီးမည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားသော ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့ကြောင်း PDF Zoland ၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၂၃ ရက်နေ့အတွင်း People’s Police Force-Zoland နှင့် PDF Zoland တို့ပူးပေါင်းပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားသော ဘိန်းခင်းဧက ၂၀ ကျော် ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ၊ ပြီးခဲ့သည့် အချိန်အတွင်း ဘိန်းစိုက်သူများကို မစိုက်ပျိုးကြရန် အကြိမ်ကြိမ် သတိပေးခဲ့ သော် လည်း လိုက်နာမှုမရှိသဖြင့် ယခုကဲ့သို့ ဖျက်ဆီးရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အခြားသော ဘိန်းစိုက်ပျိုးသည့်နေရာများကိုလည်း PPF/PDF-Zoland က သိရှိထားကြပြီး ဘိန်းကင်းစင်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းလိုက်သဖြင့် ပြည်တွင်းမတည်ငြိမ်မှုများဖြစ်ပေါ်လာပြီးနောက် ကမ္ဘာ့တွင် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာကြောင်း သိရှိရသည်။

ယခင်က အာဖဂန်နစ္စတန်သည် ကမ္ဘာတွင် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံက ဒုတိယနိုင်ငံအဖြစ် ရပ်တည်ခဲ့ ကြောင်း၊ ယခုအခါတွင်မူ မြန်မာက အာဖဂန်နစ္စတန်ကို ကျော်တက်ပြီး ဘိန်းအများဆုံး ထုတ်လုပ်သော ကမ္ဘာ့ ပထမဆုံးနိုင်ငံအဖြစ် ရောက်ရှိလာ ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်တွင် တာလီဘန်တို့က မူးယစ်ဆေးဝါးများကို တားဆီးပိတ်ပင်မှုအပြီး အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ သို့ရာတွင် စစ်အာဏာသိမ်းလိုက်သော မြန်မာနိုင်ငံတွင်မူ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် ဘိန်းအများဆုံး ထုတ်လုပ်သော ကမ္ဘာ့ပထမ နိုင်ငံအဖြစ် ရောက်ရှိလာကြောင်း ၊ မြန်မာ ဘိန်းစိုက်တောင်သူများ ၇၅ ရာခိုင်နှုန်း ပိုမိုဝင်ငွေရရှိလာကြောင်း၊ ဘိန်းပန်း ပျှမ်းမျှတစ်ကီလို ဒေါ်လာ ၃၅၅ ဒေါ်လာခန့်ရှိကြောင်း၊ ဘိန်းစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၄၀၁၀၀ မှ ၄၇၀၀၀ ဟက်တာအထိရှိပြီး တစ်နှစ်ထက် တစ်နှစ် ၁၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု အခြေအနေသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ကဆိုသည်။

စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီနည်းပညာသစ်များကြောင့် တစ်ဟက်တာလျှင် ဘိန်းအထွက်နှုန်း ၁၆ ရာခိုင်နှုန်းမှ ၂၂ ဒသမ ၉ ကီလိုဂရမ်အထိ တိုးလာသောကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြန်မာနယ်စပ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ကြောင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း ဘိန်စိုက်ပျိုးမှု တိုးပွားလာကြောင်း UNODCက ပြောဆိုသည်။

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ အရှိန်မြင့်လာခြင်းသည် ဘိန်းစိုက်ပျိုးမှု ချဲ့ထွင်မှုကို အရှိန် အဟုန် မြှင့်တင်လာခြင်းဖြစ်သည်ဟု UNODC ကထောက်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article