27 C
Yangon

စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)ကို ဒေသတွင်းရှိ အဖွဲ့အစည်းများအပြင် ကျန်ရှိနေသော အင်အားစုများကိုပါ မူကြမ်းပေးပို့၍ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်မည်

Must read

စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)ကို ဒေသတွင်းရှိ အဖွဲ့အစည်းများအပြင် ကျန်ရှိနေသော အင်အားစုများကိုပါ မူကြမ်းပေးပို့၍ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ကို လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဒေသတွင်းတော်လှန်ရေး အင်အား စုများ၊ နိုင်ငံရေးအင်အားစု အပြင်ကျန်ရှိနေသော ယူနစ်အတွင်းရှိ အခြားအင်အားစုများကိုပါ မူကြမ်း ပေးပို့ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်က ယနေ့ အောက် တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဒေသအတွင်းရှိ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ယုံကြည်သော ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၊ တိုင်း ရင်းသားအင်အားစုများ၊ လေးစားယုံကြည်ခံရသူများနှင့် သပိတ် အင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေနွေးခဲ့ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှတ်တော်အထူးအစည်းအဝေးခေါ် ယူ ကျင်းပခဲ့ကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲ ရေး ကော်မရှင်ကို အောင်မြင်စွာ အတည်ပြုဖွဲ့စည်းခဲ့ကာ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော်မရှင်တွင်ပါဝင်သော အစုအဖွဲ့အသီးသီး၏ အဖွဲ့ဝင်(၅၇)ဦးက စုပေါင်းညီညွှတ်စွာ ကြိုးစားအား ထုတ်နိုင်ခဲ့မှုကြောင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ကို ကြားကာလဖွဲ့စည်းပုံဥပဒေ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၃ အရ ယနေ့အောက် တို့ဘာလ ၂၅ ရက်နေ့တွင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေး ကော်မရှင်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းအပ်နှံ နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့သို့ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ရေးဆွဲရေး ကော်မရှင် ကော်မရှင်အဖွဲ့ဝင် ၅၇ ဦး ၏ ကြိုးစားအားထုတ်မှုများ အပေါ်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်က စစ်ကိုင်းပြည်သူလူထုကိုယ်စား လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်း ပြောဆိုသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေ(မူကြမ်း)အား လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဆောင်ရွက်မှီပြည်ထောင် စု အဆင့်အဖွဲ့အစည်းများ၊ ဒေသအတွင်းတော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများအပြင် ကျန်ရှိနေသော ယူနစ်အတွင်းရှိ အခြားအင်အားစုများကိုပါ မူကြမ်းအားပေးပို့ပြီး ပေါင်းစပ်ညှိနှိုင်း အကြံပြုချက်များရယူ၍ လိုအပ်သလို အလုပ်တာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article