30 C
Yangon

စင်ကာပူနိုင်ငံတွင် ၃ လွှာတိုက်ခန်းအစွန်းပေါ်မှ ပြုတ်ကျခါနီး ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသား ကိုစသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို Singapore Civil Defense Force (SCDF) Community Lifesaver Award ဆုချီးမြှင့်

Must read

စင်ကာပူနိုင်ငံတွင် ၃ လွှာတိုက်ခန်းအစွန်းပေါ်မှ ပြုတ်ကျခါနီး ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသား ကိုစသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို Singapore Civil Defense Force (SCDF) Community Lifesaver Award ဆုချီးမြှင့်

ရန်ကုန်၊ အောက်တိုဘာ ၂၆

စင်ကာပူနိုင်ငံတွင် ၃ လွှာတိုက်ခန်းအစွန်းပေါ်သို့ ရောက်ရှိနေသည့် ပြုတ်ကျခါနီး အန္တရာယ် ရင်ဆိုင်နေရသော ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသား ကိုစသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို Singapore Civil Defense Force (SCDF) Community Lifesaver Award ဆုချီးမြှင့်လိုက်ကြောင်း စင်ကာပူမှ လာသော သတင်းများအရ သိရှိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahir နှင့် မြန်မာနိုင်ငံသား အလုပ်သမား ဆေးသုတ်သမား ကိုစသူရအောင်တို့က သုံးလွှာ တိုက်ခန်း အစွန်းတွင် ရောက်ရှိပြီး ပြုတ်ကျနိုင်သည့် အန္တရာယ် ရင်ဆိုင်နေရသော ကလေးငယ်တစ်ဦးကို မြင်တွေ့ခဲ့ရကြောင်း၊ ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahir က ကိုစသူရအောင်ကို ထမ်းပိုး၍ ကလေးငယ်ရှိနေသော တိုက်ခန်းအစွန်းပေါ်သို့ ရောက်ရှိစေရန် ကူညီပေးခဲ့ကြောင်း၊ ကလေးငယ်ကို ကိုစသူရအောင်က လက်ရ ဘေးမသီ ရန်မခ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၂၅ ရက်နေ့တွင် စင်ကာပူအာဏာပိုင်များက ကလေးငယ်ကို ကယ်ဆယ်ခဲ့သော မြန်မာနိုင်ငံသား စသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို Singapore Civil Defense Force (SCDF) Community Lifesaver Award ချီးမြှင့်လိုက်ကြောင်း သိရှိရသည်။

ကလေးငယ်ကို တိုက်ခန်းအစွန်းပေါ်အထိ တက်ရောက် ကယ်တင်ခဲ့သော ကိုစသူရအောင်က “ကလေးအတွက် ငါအရမ်းစိုးရိမ်ကြောက်လန့်မိတယ်။ ငါ့အတွက်ငါတောင် မကြောက်ဘူး။ တကယ်တမ်း လူတွေ အများကြီး ၀ိုင်းကြည့်နေကြတော့ ပိုပြီး စိတ်လှုပ်ရှားရတယ်။ ကလေးက အရမ်းကို ကြောက်နေတယ်။ သူ့လက်တွေက အေးစက်နေတယ။ ကလေးက ကျနော့်ပုခုံးကို တင်းတင်းကျပ်ကျပ်ကို ဖက်ထားတယ်” ဟု စင်ကာပူ The Straits Times သို့ ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article