33 C
Yangon

မြဝတီမြို့၊ ရတနာထမင်းဆိုင်ရှေ့တွင် BGF ကားနှင့် ဆိုင်ကယ် ၁ စီး တိုက်မိပြီး ကလေး ၁ ဦးအပါအဝင် ၂ ဦး ပွဲချင်းပြီး သေဆုံး၊ BGF ကား မောင်းပြေးဟုဆို

Must read

မြဝတီမြို့၊ ရတနာထမင်းဆိုင်ရှေ့တွင် BGF ကားနှင့် ဆိုင်ကယ် ၁ စီး တိုက်မိပြီး ကလေး ၁ ဦးအပါအဝင် ၂ ဦး ပွဲချင်းပြီး သေဆုံး၊ BGF ကား မောင်းပြေးဟုဆို

ရန်ကုန်၊ အောက်တိုဘာ၂၆

ကရင်ပြည်နယ် မြဝတီမြို့ အာရှလမ်းမ ရတနာထမင်းဆိုင်ရှေ့တွင် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့၏ ကားနှင့် ဆိုင်ကယ် ၁ စီး တိုက်မိကာ ဆိုင်ကယ်ပေါ်ပါ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုး သမီး ၁ ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးတို့ ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ အချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး BGF တပ်ဖွဲ့၏ကားမှာ တိုက်ပြီးနောက် မောင်းထွက်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

” ၂ ဦးပွဲချင်းပြီး သေဆုံးသွားတယ်။ ကလေးက အသက် ၁၃ နဲ့ အသက် ၂၀ ကျော်အရွယ် ကောင် မလေး မောင်နှမတွေ။ တိုက်ပြေးသွားတာ BGF ကားလို့ သတင်းရတယ်။ မြဝတီ လူမှုကယ်ဆယ်ရေးက လူနာတင်ယာဉ်နဲ့ မြဝတီဆေးရုံကြီး ရင်ခွဲတိုက်ကို ပို့ဆောင်လိုက်တယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောပြသည်။

လက်ရှိတွင် ယာဉ်တိုက်မှုကို ရဲများက လာရောက် စစ်ဆေးနေသည်ကို တွေ့ရှိရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မြ၀တီမှ သက်ဆိုင်ရာ နယ်ခြားစောင့်တပ်ဖွဲ့ BGF ၏ တာဝန်ရှိသူများကို အဆိုပါ ကားတိုက်မှုနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းကြိုးစားသော်လည်း အဆက် အသွယ်မရရှိပေ။

ဓာတ်ပုံ- မြ၀တီအခြေစိုက် BGF ခေါင်းဆောင်တချို့နှင့်လုံခြုံရေးကားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article