“အလယ်က ဟာတော့ လျှာထွက်နေတယ်ဆိုပြီး ကျွန်တော်တို့လည်း ကြည့်လိုက်တယ်။ ဒါပေမဲ့ မဟုတ်ဘူး ဗျ အစ်ကိုရေ။ ပြောရမယ်ဆိုရင် နည်းနည်း ညစ်ညမ်းတယ်လို့ ပြောရမှာပေါ့။ အဲဒီလူရဲ့ ကိုယ်အင်္ဂါကိုယ်မှ ဖြတ်ပြီးတော့မှ သူတို့ ပါးစပ်ထဲကို ထည့်ထားခဲ့တာ။ ဒါက တော်တော်လေးလည်း ယုတ်မာတယ်။ လုံးဝ ညစ်ညမ်းတယ်”
ဘုတလင်၊စီပါကျေးရွာမှ ပြည်သူများကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်
By ရန်ကုန်ခေတ်သစ်
အကြမ်းဖက်စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်၊ စီပါကျေးရွာ အပါအဝင် ကျေးရွာများမှ ပြည်သူများ ကိုစစ်ကြောင်းထိုး၍ ရက်ရက် စက် စက် သတ်ဖြတ်သွားရာ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပကဖတာဝန်ခံ ကိုမိုးသောက်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။