27 C
Yangon

စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ် မှတ်ပြီး ရွှေစျေးနှုန်း ထုတ်ပြန်မည်ဟု ကြေညာမှုကြောင့် ပြည်တွင်းရွှေစျေးကွက် ရပ်ဆိုင်းကာ အရောင်းအဝယ်များ ရပ်တန့်

Must read

စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ် မှတ်ပြီး ရွှေစျေးနှုန်း ထုတ်ပြန်မည်ဟု ကြေညာမှုကြောင့် ပြည်တွင်းရွှေစျေးကွက် ရပ်ဆိုင်းကာ အရောင်းအဝယ်များ ရပ်တန့်

ရန်ကုန်၊ အောက်တိုဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး ရွှေစျေးနှုန်း ထုတ်ပြန်မည်ဟု ကြေညာလိုက်မှုကြောင့် ပြည်တွင်းရွှေစျေးကွက်တစ်ခု ယာယီ ရပ်ဆိုင်းပြီး အရောင်းအဝယ်များ ရပ်တန့်ကာ စျေးကွက်ပျက်စီးနေကြောင်း ရွှေကုန်သည်တချို့က ပြောဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး နောက်ဆက်တွဲ ရွှေအရောင်း အဝယ် တားမြစ်အမိန့်၊ စည်းမျဥ်းသတ်မှတ်အမိန့်၊ ကြီးကြပ်အမိန့်၊ ကာကွယ်အမိန့် ကြေညာချက်များ ဆက်တိုက်ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ပြင် စစ်ကောင်စီ ဝန်ကြီးများ ပါဝင်သည့် ရွှေရည်ညွန်းဈေး သတ်မှတ်ရေးကော်မတီကိုပါဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ စျေးနှုန်းသတ်မှတ်ရေး ကော်မတီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေး ဒု-ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ၊ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ အပါအဝင် စစ်ကောင်စီ လက် အောက်ခံ ဌာနဆိုင်ရာအရာရှိ ၁၅ ဦးပါဝင်ကြောင်း၊ နေ့စဥ် အွန်လိုင်းအစည်း အဝေးလုပ်ပြီး ရွှေစျေးကို သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးရှိ ရွှေဆိုင်များနှင့် ရွှေအရောင်း အဝယ်လုပ်သူများအားလုံး လိုင်စင် ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။

“စျေးကွက်က လောလောဆယ်တော့ စျေးနှုန်းဖွင့်တာရှိတယ်။ ဒါပေမယ့် အရောင်း အဝယ်က အောက်တိုဘာလ ၂၄ ရက်နေ့ အမိန့်ကြောင့် ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ကြတယ်။ အခုက ရွှေဆိုင်တွေရော၊ ရွှေကုန်သည်တွေရော လိုင်စင်ပြန်တင်ရမယ်ဆိုတော့ လိုင်စင်က ရမှာလား၊ မရဘူးလား မသေချာဘူး။ စျေးကွက်က အခု ရပ်သလိုဖြစ်နေတယ်။ လိုင်စင်မရှိဘဲ အရောင်း အဝယ်လုပ်ရင် ထောင်ချလို့ရတယ်ပြောထားတော့ ဒီရက်ပိုင်းတော့ စျေးကွက်က ရပ်သလောက်ဖြစ်လိမ့်မယ်။ ရေရေရာရာ တိတိကျကျ သိမှ ပြန်ပြီးတော့ လည်ပတ်လိမ့်မယ်။ ရွှေဆိုင်တွေမှာတော့ ငွေလိုသူ လာရောင်းတာတော့ လက်ခံတာရှိလိမ့်မယ်။ အားလုံးက စောင့်ကြည့်နေကြပါတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

လက်ရှိ ယနေ့စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၆၆ သိန်း ဝန်းကျင်တွင် စျေးရှိနေပြီး ရန်ကုန်တိုင်းရွှေအသင်းကမူ ရွှေရည်ညွန်းစျေးကို ၅၆ သိန်း သတ်မှတ်ထားကြောင်း သိရှိရသည်။

ယနေ့ ရန်ကုန်ရှိ ရွှေဆိုင်များတွင် ရွှေလက်ဝတ်အထည် ခင်းကျင်း ဆိုင်ဖွင့်ထားသော်လည်း ရွှေတုံးနှင့်အခေါက်ရွှေများကို အဝယ်သာ လက်ခံပြီး အရောင်းလုံး၀ မရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက ကြေညာလိုက်ခဲ့သည့် အမိန့်အသစ်အရ ရန်ကုန်၊ မန္တလေးနှင့် မြန်မာတစ်နိုင်ငံလုံးရှိ ရွှေဆိုင်များ၊ ရွှေအရောင်းအဝယ်ကုန်သည်များအနေဖြင့် စစ်ကောင်စီထံမှ ပြန်လည် လိုင်စင်လျှောက် ထားရမည်ဖြစ်ပြီး စစ်ကောင်စီက သတ်မှတ်ထားသည့် ရွှေစျေးနှုန်းဖြင့်သာ အရောင်းအဝယ်လုပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

လိုင်စင်မရှိဘဲ ရွှေဆိုင်ဖွင့်သူ၊ လိုင်စင်ရှိလျက်ဖြင့် စစ်ကောင်စီက ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသူများ၊ ရွှေအရောင်းအဝယ်လုပ်သူများကို အရေးကြီး ဝန်ဆောင်မှုနှင့် ကုန်စည်ဥပဒေ ပုဒ်မ ၅ အရ အနည်း ဆုံးထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိချမှတ်မည့်အပြင် ငွေဒဏ်နှင့် လိုင်စင်ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မှ ရွှေအရောင်းဆိုင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article